နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိပ်သီးဆွေးနွေးပွဲကျင်းပရေးအတွက် ဥရောပခေါင်းဆောင်များနှင့် ရုရှားသမ္မတ သဘောထားကွဲလွဲ

ဘရပ်ဆဲလ်   ဇွန်      ၂၇


ပြင်သစ်နှင့်  ဂျာမနီတို့က အဆိုပြု သည့်   မကြာမီကျင်းပမည့်  ရုရှား နှင့်  ထိပ်သီးဆွေးနွေးပွဲကျင်းပရေးကို သမ္မတပူတင်နှင့် ဥရောပသမဂ္ဂခေါင်းဆောင် များအကြား သဘောထားကွဲလွဲမှုများ ရှိနေကြောင်း  သိရသည်။ ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်က  ၂၀၁၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပူတင် နှင့်ဥရောပသမဂ္ဂ  ထိပ်သီးဆွေးနွေးပွဲ ကျင်းပခြင်းသည် မိမိတို့အကျိုးစီးပွားကို ကာကွယ်သည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ ဥရောပသမဂ္ဂသည် ရုရှားနှင့် သံတမန် ဆက်ဆံရေးတွင် နောက်မှလိုက်တုံ့ပြန် နေရုံသက်သက်ဖြင့် မနေသင့်ကြောင်း ပြောကြားခဲ့သည်။ 

သို့သော် ဘရပ်ဆဲလ်တွင် ညနှောင်း ပိုင်းအထိ ဆွေးနွေးပွဲကျင်းပပြီးနောက် ဥရောပခေါင်းဆောင် ၂၇ ဦးတို့ သဘော တူညီမှုမရခဲ့ကြောင်း ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာမာကယ်က ပြောကြားသည်။ 


ဥရောပခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးထုတ်ပြန်သည့် ကြေညာ ချက်တွင် ဥရောပကော်မရှင်နှင့် ဥရောပ သမဂ္ဂသံတမန်အကြီးအကဲ ဂျိုးဆက် ဘော်လ်ရဲအနေဖြင့်      ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုအပါအဝင်    ပိုမို တင်းကျပ်သည့်အစီအမံများ ချမှတ်ရန် နည်းလမ်းများကို တောင်းဆိုထားသည်။ ဘရပ်ဆဲလ်နှင့် မော်စကိုတို့ ဆွေးနွေး ရန်လိုသည်ဟု ကရင်မလင်က အစော ပိုင်းတွင်ပြောကြားပြီး ထိပ်သီးဆွေးနွေး ပွဲကိုကြိုဆိုသော်လည်း ရုရှားနိုင်ငံခြား ရေးဝန်ကြီး        ဆာဂျီလက်ဗရော့က နောက်ထပ်အသေးစိတ်များကို သိလို သည်ဟု ပြောကြားခဲ့သည်။


မျိုးဝင်း (Ref; BBC)






အခြားဆက်စပ်သတင်းများ