နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းဘူး(စကု)မြို့နယ် မယ်ဘေ့ကုန်းကျေးရွာတွင် ပျူခေတ်ကရှေးဟောင်းပစ္စည်းများ ခင်းကျင်းပြသထား

မင်းဘူး   ဇွန်    ၂၆


မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူး(စကုမြို့နယ်၊မယ်ဘေ့ ကုန်း ကျေးရွာရှိ PANHTWAR GALLERY ပြတိုက်ငယ် (Mini Museum) အတွင်း၌ ယနေ့ခတ် လူငယ် များ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပျူခေတ်က ရှေ့ဟောင်း ပစ္စည်းများကို ရှာဖွေစုဆောင်း ခင်း ကျင်းပြသထားကြောင်း သိရသည်။


အဆိုပါ ပြတိုက်ကို မယ်ဘေ့ကုန်း ကျေးရွာနေ သမိုင်းသုတေသီ ဦးကျော် စိန်ဝင်း ကျောင်းအုပ် ဆရာကြီး (ငြိမ်း)က ပျူဒေသ သမိုင်းအကြောင်းကို သုတေသနပြုလုပ်ရန်အတွက် ၁၉၈၃ ခုနှစ်မှစတင်ကာ ဧရာဝတီမြစ် အနောက်ဘက်မြစ်ကမ်း တစ်လျှောက် မင်းဘူး (စကု)မြို့နယ် အတွင်းရှိ ကျေး ရွာများသို့ သွားရောက်၍ ရှေ့ဟောင်း ပစ္စည်းများကို လှည့်လည် ရှာဖွေ စုဆောင်း ခဲ့ပြီးနောက် သမိုင်းမှတ်တမ်း များကို လေ့လာပြုစုမှတ်တမ်းတင်ခဲ့ သည်။


ပျူဒေသဟု ဆိုလျှင် တောင်တွင်း ကြီးမြို့နယ်ရှိ ဗိဿနိုးဟန်လင်းနှင့် သရေခေတ္တရာကိုပြေးမြင်ယောင်မိကြ သည်။ ၎င်းနည်းတူ ပွင့်ဖြူမြို့နယ် ရှိလယ်ကိုင်းမြို့ဟောင်းသည်လည်း ခေတ်အဆက်ဆက်၌ ပျူဒေသအဖြစ် တည်ရှိခဲ့ပြီး  မင်းဘူး(စကု)မြို့နယ်သည် လည်း ပျူဒေသအဖြစ်တည်ရှိခဲ့သည်။ ထို့ကြောင့် “သုနာပရန္တ ပျူဒေသ” (ခေါ်) “ပျူတို့ဌာနေ မင်းဘူးမြေ”ဟူ၍ လည်း ရှေးစာဆိုများက တင်စား ခေါ်ဝေါ်ကြကြောင်း သမိုင်းအထောက် အထားများအရ သိရှိရ သည်။


“၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် ပြခန်းစတင် ဖွင့်လှစ်ခဲ့ကာ ယနေ့ ခေတ် ကျောင်းသား/လူငယ်များအနေ ဖြင့် အသိပညာဗဟုသုတ ရရှိစေရန် နှင့် မြန်မာစာ၊ မြန်မာ့သမိုင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို အမြတ်တနိုး တန်းဖိုးထားပြီး လေ့လာ နိုင်စေရန်၊ ကိုယ့်သမိုင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့၏ မျိုးချစ်စိတ်ဓာတ်များ ပေါ်လွင်နိုင်စေရန်နှင့် ရှေးဟောင်း ပစ္စည်းများ တိမ်ကော မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်လျှောက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြတိုက်ကို ယနေ့ အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း” သမိုင်းသုတေသီ ဦးကျော်စိန်ဝင်း က ပြောသည်။


ပြတိုက်ထဲတွင် ပျူခေတ်အသုံး အဆောင်ပစ္စည်းများ၊ ပုတီးစေ့မျိုးစုံ၊ အိုးခွက်ပန်းကန်မျိုးစုံ၊ အုတ်ဒီဇိုင်းမျိုး စုံ၊ အိုးခြမ်းပဲ့များ၊ အရိုးအိုးများ၊ပျူခေတ် လူသေမြှုပ်နှံရာတွင် အသုံးပြုသည့် တန်ဆာဆင်ပစ္စည်းများ၊ ပျူခေတ်သံ လက်နက်/ကြေး လက်နက် ပစ္စည်းမျိုးစုံ အပြင် မင်းဘူးဒေသရှိ သမိုင်းတွင် လူ ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၊ နိုင်ငံ ကျော်ပန်းချီပညာရှင်များ၏ အနုပညာ လက်ရာမြောက် ပန်းချီကားများ၊ ကျောက်ခေတ်၊ ကြေးခေတ်၊သံခေတ်၊ ပျူခေတ်ပစ္စည်းများနှင့်  ခေတ်အဆက် ဆက်အထင်ကရ ရှေးဟောင်းပစ္စည်း အမျိုးအစားပေါင်းများစွာကို ခင်းကျင်း ပြသထားသည်။


PANHTWAR GALLERY ပြတိုက် သည် မင်းဘူးမြို့မြောက်ဘက် (၃)မိုင်အကွာ မယ်ဘေ့ကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ရှေ့တွင် တည်ရှိပြီး ပြတိုက်အတွင်း၌ ပျူခေတ်က အထင်ကရ ရှေးဟောင်း ယဉ်ကျေးမှု အနုပညာလက်ရာမြောက် ပစ္စည်းများကို အဓိက ခင်းကျင်း ပြသထားကြောင်း၊ ၎င်းပြတိုက်သို့ မည်သူမဆို လာရောက်လေ့လာနိုင် ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)






အခြားဆက်စပ်သတင်းများ