နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
The Unbearable Weight Of Massive Talent ဇာတ်ကားတွင် မင်းသားနေးပက်ထရစ်ဟားရစ် ပါဝင်သရုပ်ဆောင်ခဲ့

ဇွန် ၂၆


Lionsgate ရုပ်ရှင်ကုမ္ပဏီ ၏ The Unbearable Weight Of Massive Talent အမည်ရှိ ဟာသအက်ရှင် ဇာတ်ကားတွင် မင်းသား နေးပက်ထရစ်ဟားရစ် ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း သိရသည်။


မင်းသား နေးပက်ထရစ် ဟားရစ်သည်အဆိုပါဇာတ်ကား တွင် ကမ္ဘာကျော် မင်းသားကြီး နီကိုးလပ်ကေ့၊ ပက်ဒရိုပက် စကယ်၊ တစ်ဖနီဟက်ဒစ်၊ ရှာရွန် ဟော်ဂန်တို့နှင့်အတူ တွဲဖက် သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ ရုပ်ရှင် ဇာတ်ကား ကို ဒါရိုက်တာ တွမ်ဂေါ် မီကန် က ရိုက်ကူးခဲ့ပြီး ဇာတ်ညွှန်းကို လည်း ဇာတ်ညွှန်းရေးဆရာ ကီဗင်အက်တန်နှင့် ပူးတွဲရေး သားပေးထားကာ ယခုအခါတွင် ရိုက်ကူးရေးလုပ်ငန်းများလည်း ပြီးစီးနေပြီ ဖြစ်သည်။


The Unbearable Weight Of Massive Talent ဇာတ်ကားတွင် မင်းသား နီကိုးလပ်ကေ့သည် ငွေကြေး ပြဿနာနှင့် ရင်ဆိုင်နေရသူ အဖြစ် ပါဝင်သရုပ်ဆောင်ထား ပြီး အမေရိကန်ဒေါ်လာ တစ် သန်းဖြင့် ဘီလီယံနာသူဌေး တစ်ဦး၏ မွေးနေ့ပွဲသို့ တက် ရောက်ရန် လက်ခံခဲ့ပြီးနောက် ရင်ဆိုင်ခဲ့ရသည့်အဖြစ်အပျက် များကို ဟာသနှော ရိုက်ကူး ထားသည့် ဇာတ်ကားဖြစ်သည်။

 (သူရိန်)






အခြားဆက်စပ်သတင်းများ