နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
The Wandering Earth ဇာတ်ကားသစ်ကို ၂၀၂၃ ခုနှစ်တွင် ရုံတင်ပြသမည်

ဇွန် ၂၆


တရုတ်နိုင်ငံ၏ အောင်မြင်မှု ရရှိထားသော ဇာတ်ကားများထဲတွင် ပါဝင်သည့် The Wandering Earth (2019) ၏ နောက်ဆက် တွဲဇာတ်ကားသစ်ကို ၂၀၂၃ ခုနှစ်၊ တရုတ်နှစ်သစ်ကူးနေ့တွင် ရုံတင်ပြသ မည်ဖြစ်ကြောင်း သိရသည်။


The Wandering Earth ဇာတ်ကား သစ်ကို ဒါရိုက်တာ ကိုးဖန်ကတာဝန် ယူရိုက်ကူးမည်ဖြစ်ပြီး မူရင်းဝတ္ထုကို ရေးသားခဲ့သည့် စာရေးဆရာလျူစီ ရှင်းက အမှုဆောင်ထုတ်လုပ်သူ အဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။


The Wandering Earth (2019) ဇာတ်ကားသည် ပြန့်ကားလာသည့် နေ၏ဝါးမျိုမှုခံရတော့မည့်အရေးမှ ကမ္ဘာ ကို ကယ်တင်ရန် ကြိုးစားခဲ့သော အာကာသယာဉ်မှူးများ၏ ကြိုးပမ်း အားထုတ်မှုများကို ဇာတ်အိမ်ဖွဲ့ရိုက် ကူးထားသည့် ဇာတ်ကား ဖြစ်သည်။


စာရေးဆရာ လျူစီရှင်း၏ The Wandering Earth အမည်ရှိ ဝတ္ထုကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးခဲ့သော The Wandering Earth (2019) ဇာတ်ကားသည် အောင်မြင်မှုများရရှိ ခဲ့ပြီး ကမ္ဘာတစ်ဝန်းဝင်ငွေ အမေရိကန် ဒေါ်လာသန်း ၇၀၀ ထိရရှိခဲ့ကာ တရုတ်နိုင်ငံ၏ သမိုင်းတစ်လျှောက် တတိယမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင် ဇာတ်ကားအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ