လန်ဒန် ဇွန် ၂၆
ခရိုင်းမီးယားကျွန်းဆွယ်ကမ်းလွန်တွင် ဗြိတိန်ဖျက်သင်္ဘောကို ရုရှားကသတိပေး ပစ်ခတ်သည့်ဖြစ်စဉ်ကို ဗြိတိန်အနေဖြင့် သာမန်ဖြစ်ရိုးဖြစ်စဉ်မျှသာ သဘောထားပြီး အလေးအနက်မရှိကြောင်း ပြောကြားခဲ့သည်။ ယင်းကဲ့သို့ အမြောက်စမ်းသပ် ပစ်ခတ်မှုမျိုးသည် သာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဂျော့ယူစတစ်ပြောခဲ့သော်လည်း ဗြိတိန်၏လုပ်ရပ်သည် ရန်စခြင်းဖြစ်ကြောင်း ကမ္ဘာတွင် စစ်အင်အားအကြီးဆုံး နိုင်ငံများအနက်တစ်ခုဖြစ်သော ရုရှားကပြောကြား ခဲ့သည်။
အဆိုပါ သင်္ဘောရှိနေသော ရေပိုင်နက်ကို ရုရှားက ယင်းတို့၏ ပိုင်နက်အဖြစ် သတ်မှတ်ထားသော်လည်း ဗြိတိန်နှင့် ကမ္ဘာ့နိုင်ငံအများစုက ထိုရေပိုင်နက်သည် ယူကရိန်းရေပိုင်နက်အဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည်။
ဗြိတိန်သင်္ဘောသည် ရုရှား၏ပင်လယ်နက်ရေတပ်သင်္ဘော အုပ်စုဌာနချုပ်ရှိသော ဆီဗက်စတိုပိုလ်အနီး ခရိုင်းမီးယားတောင်ဘက်ကမ်းခြေမှ ဖီယိုလန့်အငူအနီး ရုရှား ရေပိုင်နက်အတွင်း ၂ မိုင်ခန့်အထိ ကျူးကျော်ဝင်ရောက်ကြောင်း ရုရှားက ပြော ကြားထားသည်။
ရဲခေါင် (Ref:Reuters)