နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကနေဒါနိုင်ငံ စာသင်ကျောင်းတွင် ရာချီသောကလေးအရိုးစုများ တွေ့ရှိ

အိုရွန်တို    ဇွန်    ၂၆


ကနေဒါနိုင်ငံရှိ   ဘော်ဒါဆောင် ကျောင်းတစ်ခုတွင် ကလေးငယ်များ၏ အစုလိုက်အပြုံလိုက်သင်္ချိုင်းကို တွေ့ရှိ ခဲ့သည်ဟု  ဌာနေတိုင်းရင်းသားများ အဖွဲ့က ပြောကြားလိုက်သည်။ အချုပ် အခြာအာဏာပိုင် ဌာနေတိုင်းရင်းသား များအဖွဲ့ချုပ် (FSIN) က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်      ကနေဒါနိုင်ငံ၊ ဆာစကတ်ချီဝမ်ပြည်နယ်ရှိ Marieval India Residential School တွင် ယခင် က တွေ့ရှိခဲ့ခြင်းမရှိသော ကလေးငယ်  ရာပေါင်းများစွာ၏ ရုပ်အလောင်းများအား  သင်္ချိုင်းတွင်းများ၌ တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 


အဆိုပါ ကလေးငယ်များ၏ အရိုးစု များကို တိကျသောအရေအတွက်ရရှိ စေရန် ကြိုးပမ်းမှုများပြုလုပ်နေကြောင်း၊  သို့သော် ယခုဖြစ်ရပ်မှာ ကနေဒါတွင် ရုပ် ကြွင်းအများဆုံးတွေ့ရမှုအဖြစ် ကျန်ရှိ မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ 


ကနေဒါ နိုင်ငံတစ်ဝန်းဖွင့်လှစ်ထား သည့် ကျောင်း ၁၃၉ ကျောင်းတွင် ကလေးငယ်ရုပ်ကြွင်းများ     ရှာဖွေခဲ့မှု စတင်ခဲ့ရာမှာ  မှတ်ပုံတင်စာရင်းသွင်း ထားခြင်းမရှိသည့်   ကလေးငယ်ရုပ် အလောင်း ၂၁၅ ခု၏ရုပ်ကြွင်းကို ဗြိတိသျှ ကိုလံဘီယာ၊ ကမ်မော့ပ်ရှိဘော်ဒါချ်ဘုရား ရှိခိုးကျောင်း၏ဥယျာဉ်တွင် မေလ ၂၉ ရက်ကလည်းတွေ့ရှိခဲ့ကြောင်း     သိရ သည်။


ရဲခေါင် (Ref; BBC)






အခြားဆက်စပ်သတင်းများ