ဝါရှင်တန် ဇွန် ၂၆
အမေရိကန်နိုင်ငံ၌ mRNA COVID-19 ကိုဗစ်ကာကွယ်ဆေး ထိုးပြီးနောက် လူငယ်များတွင် နှလုံးကြွက်သား ယောင်ယမ်းခြင်းနှင့် နှလုံးအမြှေးပါးယောင်ခြင်းများဖြစ်ပွားမှုပေါင်း ၁,၂၀ဝ ကျော် ထိရှိခဲ့ ကြောင်း အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ (CDC) ၏ ထုတ်ပြန်ချက်အရ သိရသည်။ CDC ၏ ကာကွယ်ဆေးထိုးနှံ ခြင်းဆိုင်ရာ အကြံပေးကော်မတီမှ ကျွမ်းကျင်သူများက ငယ်ရွယ်သူ များတွင် ကာကွယ်ဆေးထိုးနှံပြီးနောက် နှလုံးပြဿနာများ ဖြစ်ပွား နိုင်ခြေကို ပြန်လည်သုံးသပ်ရန် ပြောကြားခဲ့သည်။ Pfizer သို့မဟုတ် Moderna COVID-19 ကာကွယ်ဆေးထိုးနှံထားသော လူငယ်လူရွယ် များတွင် စုစုပေါင်း ၁,၂၂၆ ဦးတွင် နှလုံးကြွက်သားယောင်ယမ်းခြင်းနှင့် နှလုံးအမြှေးပါးယောင်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း CDC ၏ ထုတ်ပြန် ချက်အရသိရသည်။ mRNA ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးနောက် ရောဂါဖြစ်ပွားသူ ၂၆၇ ဦးနှင့် နှစ်ကြိမ်ထိုးနှံပြီးနောက် ရောဂါဖြစ်ပွားသူ ၈၂၇ ဦးရှိကြောင်း သိရသည်။ နောက်ထပ်ရောဂါဖြစ်ပွားသူ ၁၃၂ဦးမှာမူ ကာကွယ်ဆေးအရေအတွက် မည်မျှထိုးနှံထားသည်ကို မသိရကြောင်း CDC မှ တာဝန်ရှိသူက ပြောသည်။
သို့ရာတွင် ရောဂါဖြစ်ပွားမှုအများစုမှာ ပြင်းထန်မှုမရှိကြောင်းနှင့် တစ်ရက် (သို့မဟုတ်) တစ်ရက်ကျော်အတွင်း ပင်ပန်းနွမ်းနယ်သောလက္ခဏာများနှင့် ရင်ဘတ်အောင့်ခြင်းနှင့် နှလုံးခုန်မူမမှန်ခြင်းများ ဖြစ်ပေါ်ကြောင်း သိရသည်။
မျိုးဝင်း (Ref; BBC)