နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(Quarantine Centers) နှင့် ဆေးရုံများမှ စွန့်ပစ်အမှိုက်များအား တာဝန်ယူသိမ်းဆည်းရှင်းလင်း မြို့တော်စည်ပင်သန့်ရှင်းရေးဝန်ထမ်း ၁၃၀ ဦးအတွက် ပါဝါရိန်းဂျားအဖွဲ့နှင့် Mrs.Universe မဟန်နီတို့မှ လှူဒါန်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်စီမံခန့်ခွဲရေးလုပ်ငန်းတာဝန်ခံအဖွဲ့၊ မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးမှ COVID-19 ရောဂါနှင့် သံသယရှိလူနာများ စောင့်ကြည့်ကုသရေး စခန်း (Quarantine Centers) နှင့် ဆေးရုံများမှ စွန့်ပစ်အမှိုက်များအား တာဝန်ယူသိမ်းဆည်းရှင်းလင်းပေးနေ ရသော မြို့တော်စည်ပင်သန့်ရှင်းရေးဝန်ထမ်း ၁၃၀ ဦးအတွက် အာဟာရပြည့်ဝစေရန် စားသောက်စရာများ ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်၏ဇနီး ဒေါ်ခင်မြမြအောင်ကိုယ်စား၊ ပါဝါရိန်းဂျားအဖွဲ့နှင့် Mrs.Universe မဟန်နီတို့မှ လာရောက်လှူဒါန်းရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင် က လက်ခံရယူခဲ့ကြောင်း သိရသည်။ သတင်း-အောင်စိုးအေး၊ ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ