နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုသတင်းမီဒီယာနှင့် ယဉ်ကျေးမှု

ယနေ့ခေတ်ကြီးကား အပြောင်းအလဲများနှင့်တိုးတက်နေ သော ကမ္ဘာကြီးဖြစ်၏။ ထိုအပြောင်းအလဲရေစီးကြောင်း အတွင်း လိုက်ပါသူများရှိသကဲ့သို့ မလိုက်သူများလည်းရှိ၏။ ယနေ့ခေတ်သည် အိုင်တီနည်းပညာများ တိုးတက်လာသည် နှင့်အမျှ တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက် လာခြင်းကြောင့် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုများ တဖြည်းဖြည်း နစ်နာဆုံးရှုံးလျက်ရှိသည်။


ယခုအခါ နိုင်ငံငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးဟူသော အမျိုးသားရေးလိုအပ်ချက်များကို မဏ္ဏိုင်ကြီး များအားလုံးမှ ပဓာနပြုကြိုးပမ်းကြရာတွင် မီဒီယာမဏ္ဏိုင် သည်လည်း မိမိတို့၏သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ်များအား  မြဲမြံစွာစောင့်ထိန်းလျက်  အတူတကွ    ကြိုးပမ်းအကောင်အထည်ဖော်ကြရမည့်ကာလဖြစ်သည်။ သို့ရာတွင် သတင်းဌာနအချို့သည် သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်များကို ချိုးဖောက်လျက် မြန်မာ့လူ့ အဖွဲ့အစည်း၏ ပဋိပက္ခများ ပိုမိုကြီးထွားလာစေရန်လုပ် ဆောင်နေကြသဖြင့် နိုင်ငံတော်မှ ယင်းသတင်းဌာနများကို လိုင်စင်ပိတ်သိမ်းလျက် တရားမဝင်သတင်းဌာနများအဖြစ် ကြေညာထားသည်။


ယနေ့ဖေ့ဘုတ်လူမှုကွန်ရက်ပေါ်တွင် သတင်းတု၊ သတင်း မှားများအချက်အလက်အမှား၊ သုံးသပ်ချက်အလွဲများ၊ လိုရာ စွဲထင်မြင်ယူဆချက်များကို အခြေခံကာ လတ်တလောလိုအင် ဆန္ဒများကို ပြည်သူများ၏ဆန္ဒဟု မြောက်ပင့်ပေးနေသည်မှာ မမှန်မကန်အကြောင်းပြချက်များဖြင့် နိုင်ငံတော်၏လုံခြုံရေး ကို ခြိမ်းခြောက်နေကြသည်။ အများပြည်သူများ အကြမ်းဖက် မှုများကို အားပေးပါဝင်လာရန် ပြည်တွင်းမှ အသားထဲက လောက်ထွက်သူများ မမှန်ကန်သောသတင်းအချက်အလက် များကို လှုံ့ဆော်ချဲ့ကားကာ၊ အသိမဲ့ပါဝင်လာရန် အဖျက် သမားအကြမ်းဖက်သူများက မီဒီယာများကို အသုံးချလျက်ရှိ သည်။ 


ဖေ့ဘုတ်လူမှုကွန်ရက်တွင် D-Day ခေါ် ယရက်သတ်မှတ် ကာ လှုံ့ဆော်မှုများ နေ့စဉ်ရက်ဆက်အချိန်တိုင်းလွှင့်တင်ကာ အကြမ်းဖက်တိုက်ခိုက်ရန် လှုံ့ဆော်ကြံစည်အားထုတ်နေကြ သည်။ ယင်းအခြေအနေကို အစွန်းရောက်သူ၊ ဆင်ခြင်တုံ တရားခေါင်းပါးသူများက ယုံကြည်လက်ခံနေကြသည်။ 


ဗိုလ်ကျစိုးမိုးရေးဝါဒကို ကျင့်သုံးသောနိုင်ငံများက ပြည် တွင်းရေးကို ဝင်ရောက်စွက်ဖက်သောလုပ်ငန်းစဉ်များမှာ သူခိုး ဓားရိုးကမ်းသော ပြည်တွင်းကအမျိုးသားသစ္စာဖောက်များကို အသုံးချလျက်ရှိသည်။ ပြည်တွင်းမှ လက်သပ်မွေးခံရသူ၊ ကျေးဇူးခံ၊ ကျေးဇူးစားရှိသူများ၊ သတင်းတု၊ သတင်းယောင်၊ သတင်းမှားများ၊ လှီးလွှဲထားသောသတင်းများ၊ ဖေ့ဘုတ်သုံး အကန်သတင်းများဖြင့် ကျေးဇူးကန်းဆောင်ရွက်နေကြ သည်။


နိုင်ငံသူနိုင်ငံသားများအနေဖြင့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသအေးချမ်းတည်ငြိမ်ရေးအတွက် အကြမ်းဖက် အဖျက်သမားများ ဆန့်ကျင်ဖော်ထုတ် ပူးပေါင်းကာကွယ် ဆောင်ရွက်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ