ဘေကျင်း ဇွန် ၂၅
အမေရိကန်သည် ဒေသတွင်းအန္တရာယ်အဖြစ် တရုတ်နိုင်ငံလုံခြုံရေးကိုထိပါးနေကြောင်း တရုတ်က အမေရိကန်နိုင်ငံကို ဒေါသတကြီးတုံ့ပြန်ပြီး ကြေညာချက်တစ်စောင် သတ်မှတ်ထုတ်ပြန်လိုက်သည်။ ယင်းသို့ထုတ်ပြန်ရခြင်းမှာ အမေရိကန် စစ်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းပြီးနောက် တရုတ်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်ကလည်း ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းခဲ့သေးကြောင်း သိရသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သတိပေးချက်တစ်စောင်ထုတ်ပြန်ပြီး “အမေရိကန်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ကစားကွက်ဟောင်းများကိုကစားကာ ထိုင်ဝမ်တောင်ပိုင်းတွင် ပြဿနာဖန်တီး နေသည်” ဟု ဖေါ်ပြထားသည်။
အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေးမရှိသော်လည်း ထိုင်ဝမ်အစိုးရကို နိုင်ငံတကာတွင်ထောက်ခံပြီး အဓိကလက်နက်ရောင်းချသည့်နိုင်ငံလည်းဖြစ်သည်။ အမေရိကန်ကမူ ယင်းတို့သည် နိုင်ငံတကာ ဥပဒေနှင့်အညီဆောင်ရွက်သည်ဟု ပြောကြားထားသည်။ စက်မှုထိပ်သီး ၇ နိုင်ငံအစည်းအဝေးက ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တရုတ်ကို ရှုတ်ချကာ တရုတ်သည် ပြဿနာရှာသောနိုင်ငံဖြစ်ကြောင်းကြေညာကာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအရေးပါမှုကို အလေးပေးပြောဆိုခဲ့သည်။
ရဲခေါင် (Ref; BBC)