တီဟီရန် ဇွန် ၂၅
အီရန်နိုင်ငံနှင့် ဆက်စပ်နေသည့် အင်တာနက်ဝက်ဘ်ဆိုဒ်များကို သတင်း မှားဖြန့်ဝေနေသည်ဟု စွပ်စွဲချက်ဖြင့် ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း အမေရိကန် တရားရေးဌာနကကြေညာသည်။
အမေရိကန်နှင့် အီရန်နှစ်နိုင်ငံ အကြား ၂၀၁၅ နျူကလီးယားစာချုပ်ပြန် အသက်သွင်းနိုင်ရေးနှင့် တင်းမာမှုများ မြင့်မားလာနေချိန်တွင် ယခုလိုပြင်းထန် သည့် နှိမ်နင်းမှုပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သတင်းမှားထုတ်ပြန်ပြီး ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခဲ့သည့် အစ္စလာမ်မစ် ရေဒီယိုနှင့် တယ်လီဗီရှင်း Union တို့ အသုံးပြုနေသည့် ဝက်ဘ်ဆိုက်ဒ် ၃၃ခု အပါအဝင် Kata'ib Hizballah (KH) က စီမံလည်ပတ်နေသည့် ဝက်ဘ်ဆိုဒ် ၃ ခုကို ပိတ်လိုက်ကြောင်း အမေရိကန် တရားရုံးက ထုတ်ပြန်ထားသည်။
အီရန်သတင်းဝက်ဘ်ဆိုဒ်များကို အမေရိကန်ကုမ္ပဏီများ၏ အင်တာနက် နေရာများကတစ်ဆင့် ထုတ်လွှင့်ထား ခြင်းဖြစ်သော်လည်း အမေရိကန်၏ပိတ်ဆို့ ဒဏ်ခတ်မှုအောက်တွင် လိုအပ်သည့် လိုင်စင်လျှောက်ထားခြင်းများမလုပ်ဘဲ၊ အီရန်ဘက်ကသုံးစွဲခဲ့သည်ဟု အမေရိကန် တရားရုံးကပြောသည်။ ဝက်ဘ်ဆိုဒ်များ တွင် ဖမ်းဝရမ်းအမိန့်နှင့် အတူ အမေရိကန် အစိုးရက ထိန်းချုပ်လိုက်ကြောင်း စာသားများကို၊ အမေရိကန်ဖယ်ဒရယ် စုံစမ်းစစ်ဆေး ရေးဗျုရို (FBI) နဲ့ ကူးသန်း ရောင်းဝယ်ရေးဌာန၏ ကုန်ထုတ်လုပ်ငန်း နှင့်လုံခြုံရေးဗျုရိုတို့၏ သင်္ကေတ တံဆိပ်များနှင့် တွေ့မြင်ရလျက်ရှိသည်။
မျိုးဝင်း (Ref; BBC)