ဟူစတန် ဇွန် ၂၅
အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ ဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်း ၁၅၀ ကျော်သည် ဆေးရုံ၏ စည်းမျဉ်းဖြစ် သော မဖြစ်မနေ COVID-19 ကာကွယ် ဆေးထိုးနှံမှုခံယူရန် ငြင်းဆန်ခဲ့သည့် အတွက် အလုပ်မှထုတ်ပယ်ခဲ့ကြောင်း သိရသည်။
တက္ကဆက်စ်ထရီဘန် ၊ ဟူစတန် Methodist ဆေးရုံစည်းမျဉ်းစည်းကမ်း အရ ယင်းဆေးရုံတွင် တာဝန်ထမ်းဆောင် နေကြသူများအနေဖြင့် ပထမဆုံးလုပ် ဆောင်သည့် ကျန်းမာရေးစနစ်တစ်ခု ဖြစ်သော မဖြစ်မနေကာကွယ်ဆေးထိုးနှံ မှုခံယူရန်လိုအပ်ပြီး၊ ယင်းစည်းမျဉ်းအား လိုက်နာရန်ငြင်းဆန်ခဲ့သည့် ဝန်ထမ်း ၁၅၃ ဦးကို အလုပ်မှထုတ်ပယ်ခြင်း (သို့မဟုတ်) နုတ်ထွက်ခွင့်ပြုခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဆေးရုံပြောခွင့်ရ အမျိုးသမီး Gale Smith ကပြောသည်။ ဆေးရုံဝန်ထမ်း ၂၄,၉၄၇ ဦးက ကာကွယ် ဆေးထိုးနှံမှုခံယူခဲ့ပြီး နောက်ဆုံးသတ်မှတ် ရက်အထိ ဆေးထိုးနှံရန် ပျက်ကွက်သော အခြားဝန်ထမ်း ၁၇၈ ဦးကို အလုပ်မှ ယာယီဆိုင်းငံ့ကာ ယင်းတို့အား ဆေးထိုးနှံ ရန် နောက်ထပ်အချိန်နှစ်ပတ်ပေးခဲ့ ကြောင်းနှင့် ၂၅ ဦးကသာ ဆေးထိုးနှံမှု ပြန်လည်ခံယူခဲ့ကြောင်း သိရသည်။
ဟူစတန်ဆေးရုံ၏ အရေးယူ ဆောင်ရွက်မှုဖြစ်ပွားပြီးနောက်တွင် အရေအတွက်မြင့်တက်လာနေသော အမေရိကန်နိုင်ငံရှိ ကျန်းမာရေးအဖွဲ့ အစည်းများက ကာကွယ်ဆေးမဖြစ်မနေ ထိုးနှံရေးစည်းမျဉ်းကို တင်းကျပ်စွာ ချမှတ်ထားကြောင်း တုံ့ပြန်ခဲ့ကြသည်။
မျိုးဝင်း (Ref;AFP)