နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လစ်ဗျား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာကောင်းမွန်ကြောင်း ဘာလင်ရောက် ကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဘာလင်  ဇွန်    ၂၅


လစ်ဗျားနိုင်ငံ  ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ရောက်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အခုညီလာခံဟာ လစ်ဗျားနိုင်ငံ ရေရှည် ငြိမ်းချမ်းရေးအတွက် အခွင့်အလန်းကောင်းတစ်ခုအဖြစ် ပြောဆိုလိုက် သည်။ ဂျာမနီနှင့် ကုလသမဂ္ဂပူးတွဲပြီး လစ်ဗျားနိုင်ငံ အနာဂတ်အတွက် နိုင်ငံတကာညီလာခံတစ်ရပ် စတင်ကျင်းပမည်ဖြစ်ပြီး အမေရိကန် ထိပ်တန်းသံတမန်က ယင်းကို မှတ်ချက်ပေးပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 


လက်ရှိညီလာခံတွင် လစ်ဗျားနိုင်ငံရှိ တိုက်ခိုက်မှုများကို ရပ်ဆိုင်း ရန်နှင့် တည်ငြိမ်သည့် အစိုးရပေါ်ပေါက်ရေး အစောပိုင်းကြိုးပမ်းမှုများ အပေါ်အခြေခံပြီး ရှေ့ဆက်တိုးတက်မှုရရန် ရည်မှန်းထားခြင်းဖြစ် သည်။ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန်နှင့် နိုင်ငံခြား တပ်များ ရုပ်သိမ်းရေးအပါအဝင် လစ်ဗျားနိုင်ငံအတွက်အကောင်းဆုံး လုပ်နိုင်မည့်နည်းလမ်းများအပေါ် ဘုံသဘောတူညီချက်ရရှိထား ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ဂျာမန် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အစောပိုင်းကပြောကြားထားသည်။ လက်ရှိညီလာခံ မတိုင်မီ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ကျင်းပခဲ့သည့် ညီလာခံတွင်မူ လက်နက်တင်ပို့မှုတားမြစ်ရန်နှင့် လစ်ဗျားနိုင်ငံက စစ်ပွဲတွင်ပါဝင်နေသူများ အပစ်အခတ်ရပ်စဲရေးကိုလက်ခံလာစေရန် ဖိအားပေးဖို့သဘောတူခဲ့ကြသည်။ 

ရဲခေါင် (Ref; Reuters)






အခြားဆက်စပ်သတင်းများ