ကျွန်ုပ်တို့နေ့စဉ်သွားလာ၊ စားသောက်လုပ်ကိုင်လျက်ရှိ ကြသည်မှာ မည်သို့သွားလာရမည်၊ နေထိုင်ရမည်၊ လုပ်ကိုင် ရမည်ဆိုသည်ကို အသိတရားဖြင့် ဆင်ခြင်ထိန်းသိမ်းစောင့် စည်းကြရသည်။ လူ့ကျန်းမာရေးအတွက် အဓိကလိုအပ်သည့် ကံ၊ စိတ်၊ ဥတု၊ အာဟာရသည် ကျန်းမာရေးအပေါ် များစွာ မူတည်နေပေသည်။ အသက်ရှင်နေထိုင်နိုင်ရေးအတွက် အာဟာရကို နေ့စဉ်လူတိုင်းမှီဝဲနေရသည်။ သို့သော် ငွေကြေး မတတ်နိုင်သည့်အခါ အပြည့်အဝမှီဝဲနိုင်ကြမည်မဟုတ်ပေ။
ယနေ့လူတို့သည် မိမိအလုပ်ကို အချိန်အကန့်အသတ်မရှိ အားသွန်ခွန်စိုက်လုပ်ကိုင်နေကြသူများပါသည်။ ယခင်နှင့် မတူ ကြိုးစားဆောင်ရွက်ရမည့်အခြေအနေများလည်းဖြစ် သည်။ အလုပ်ကို မနားမနေကြိုးပမ်းဆောင်ရွက်သူသည် ကောင်းမွန်သော်လည်း ကျန်းမာရေးအတွက် ငဲ့ကွက်ရမည်မှာ အမှန်ဖြစ်သည်။ ကျန်းမာမှသာ မိမိအလုပ်ကို ရှည်ကြာစွာလုပ် ကိုင်နိုင်မည်ဖြစ်သည်။
ယနေ့ခေတ်ဆက်သွယ်ရေးနည်းပညာလျင်မြန်မြင့်မားစွာတိုးတက်မှုသည်ကား အံ့မခန်းပင်၊ လူ့ဘောင်ဝန်းကျင် နယ်ပယ်တွင်လည်းကောင်း၊ တစ်မြို့နှင့်တစ်မြို့၊ တစ်ဦးနှင့် တစ်ဦး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးယှက်နွှယ်ဆက်သွယ်နေ ကြသည်။ ဆက်သွယ်ရေးနည်းပညာနှင့်အတူ အတတ်ပညာ၊ အသိပညာနှင့် ယဉ်ကျေးမှုများလည်း ထိုးဖောက်ဝင်ရောက် လာသည်။ အသိပညာ၊ အတတ်ပညာများ လေ့လာသင်ကြား ခွင့်ရရှိလာကြသည်။
မိမိအလုပ်ကို အချိန်ကြာရှည်စွာထိုင်၍လုပ်ကိုင်ကြသော သူများသည် လူ့သက်တမ်းကာလမကြာရှည်ဘဲ တိုကြသည် ဟု ကျန်းမာရေးစစ်တမ်းများက ဖော်ပြကြသည်။ လူဟူသည် ၂၄ နာရီအတွင်း အလုပ်လုပ်ချိန်၊ နားချိန်၊ စားချိန်၊ အိပ်ချိန်၊ အပန်းဖြေချိန်ဟူ၍ သူ့အချိန်နှင့် သူရှိသင့်သည်။ လူ့ခန္ဓာကိုယ် အား အချိန်အတိုင်းအတာဖြင့် ခွဲခြားလုပ်ကိုင်နိုင်ပါမှ စွမ်းအား ပြည့်အလုပ်လုပ်နိုင်မည်ဖြစ်သည်။
တစ်ခါတစ်ရံမှားမှန်းမသိမှားနေကြသည့် အပြုအမှုများ အလျင်စလိုလုပ်တတ်သော အကျင့်များလည်းရှိကြသည်။ ငယ်ရွယ်သူများအဖို့ ခံနိုင်ရည်ရှိကြသူများဖြစ်၍ အန္တရာယ် မများသော်လည်း အသက်အရွယ်ကြီးသူများ သတိထားနေထိုင် သွားကြရမည်ဖြစ်ပေသည်။
ယနေ့ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ရေးအတွက် ရုံးလုပ်ငန်းဌာနများတွင် Covid-19 ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်း လမ်းညွှန်နှင့် တစ်ဦးကိုတစ်ဦးအသိပေးခြင်း၊ သတိပေးခြင်း မိသားစုစီမံချက်အတိုင်း Covid-19 ရောဂါကာကွယ်ရေးနည်း လမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း မိသားစုတိုင်းမှ တက်ကြွစွာပူးပေါင်းပါဝင်ရန် သက်ဆိုင်ရာက မေတ္တာရပ်ခံထားရာ မိမိအလုပ်နှင့်သင့်လျော်မည့် လုပ်ကိုင်မှု ပုံစံများပြောင်းလဲလုပ်ကိုင်ဆောင်ရွက်သွားသင့်ပါကြောင်း။ ။