နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးအန္တရာယ်

ဇွန် ၂၆ ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို အများပြည်သူများကြည့်ရှုနိုင်ရန်အတွက်  မြို့နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး လူထုအခြေပြုဗဟိုဌာန များတွင်ဖွင့်လှစ်ပြသထားသည်။ မူးယစ်သမိုင်းကြောင်း၊ မူးယစ်ဆေးကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာထိခိုက်မှု၊ လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှု၊ ဆေးရွက်ကြီး ဆေးလိပ်အန္တရာယ်အသိပညာပေးမှုများ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးသုံးစွဲ ခြင်းကြောင့် ခံစားရမည့် လူမှုရေးဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများအကြောင်းကို ထည့်သွင်း ပြသထားသည်။ 

လူငယ်ဟူသည် တက်ကြွ၏။ လန်းဆန်း၏။ ဖျတ်လတ်၏။ ဉာဏ်ပညာထက်မြက်၏။   ထို့ကြောင့် လူငယ်တို့သည် အနာဂတ်၏ ပန်းကောင်းအညွန့်များဟု တင်စားခေါ်ဆိုကြ သည်။ လူငယ်တို့သည် လူငယ်ဘဝဉာဏ်ပညာထက်မြက် ရေးကိုဆောင်ရွက်ကြသကဲ့သို့ အပျော်အပါးများကိုလည်း နှစ်သက်မက်မောတတ်ကြ၏။ ထိုအပျော်အပါးကို ဆင်ခြင်တုံ တရားထား၍ အတိုင်းအတာအကန့်အသတ်ဖြင့် ပျော်ပါးကြဖို့ သာဖြစ်သည်။


အချို့လူငယ်လူရွယ်တို့မှာ ငွေကြေးတတ်နိုင်ခြင်း၊ မိဘ အုပ်ထိန်းသူတို့ တာဝန်မဲ့မှုနှင့် ကာယကံရှင်ကိုယ်တိုင်သတိ လက်လွတ်သားကောင်ဖြစ်သွားရသည်။ လမ်းမှားသို့လွဲမှားစွာ လျှောက်လှမ်းနေသည်ကို နှမြောတသဖြစ်ရသည်။


ယခုရက်ပိုင်းအတွင်း သတင်းစာများတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများတွေ့မြင်နေရသည်။   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တွင် ငွေကျပ် ၆၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း) အလေးချိန် ၁၅၈၀ ကီလိုဖမ်းဆီးရမိခဲ့သည်။ လူငယ်တို့ကို ဖျက်ဆီးမည့်နယ်စပ်မှ ဝင်ရောက်လာသည့် အသံမထွက်လက်နက်များသည် လူငယ်ထုဖြစ်သော အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိပြီဟု ဆိုရပေမည်။


အနာဂတ်မျိုးဆက်သစ်များ အညွန့်တလူလူဖြင့် ဆက်လက် ထွန်းတောက်စေရန် လမ်းမှားသို့မရောက်စေရန် ကျွန်ုပ်တို့ အားလုံး      ဝိုင်းဝန်းဆောင်ရွက်ကြရမည်သာဖြစ်သည်။ ပန်းကောင်းအညွန့်ချိုး၍ အနာဂတ်၏ အဖူးအညွန့်များ မညိုး ရအောင် အမျိုးသားရေးကိုယ်ခံစွမ်းအား၊ အမျိုးသားရေး ကာကွယ်တိုက်ဖျက်မှုတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ လူငယ်လူရွယ်များ လမ်းမှားသို့မရောက်ရှိစေရေး ကယ်တင်စောင့်ရှောက်ကြရမည်မှာ       ကျွန်ုပ်တို့အားလုံး၏ တာဝန်သာဖြစ်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ