ဘေဂျင်း ဇွန် ၂၄
တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘေဂျင်းတက္ကသိုလ်မှ နိုင်ငံခြား ကျောင်းသားများကို တရုတ်နိုင်ငံ၏ အကြောင်းကို အမှန်တကယ်နက်နက် ရှိုင်းရှိုင်းနားလည်ရန် တိုက်တွန်းခဲ့ကာ ယင်းတို့၏အတွေးများနှင့် အတွေ့အကြုံ များကို လူအများအားမျှဝေရန်၊ လူသား များနှင့် နိုင်ငံအားလုံးအကြား ချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေးတွင် တက်ကြွစွာ ပါဝင်ရန် တိုက်တွန်းခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၏ အထွေထွေအတွင်းရေးမှူး လည်းဖြစ်သူ ရှီက ဘေဂျင်းတက္ကသိုလ် တွင် လာရောက်ပညာသင်ကြားနေသော နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ပြည်ပကျောင်းသား ၄၅ ဦးထံပေးပို့သည့် ပြန်စာတွင်ဖော်ပြခဲ့ ခြင်းဖြစ်သည်။
အဆိုပါပြန်စာတွင် ရှီက CPC ပါတီ သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲ နွမ်းပါးမှုတိုက်ဖျက်ရေးနှင့် အခြားနိုင်ငံ များ၏ ကူးစက်ရောဂါတိုက်ဖျက်ရေး တွင်တက်ကြွစွာကူညီရန် ကတိက ဝတ်ပြုထားကြောင်း ဖော်ပြခဲ့သည်။ အဘယ် ကြောင့်ဆိုသော် CPC မှာ တရုတ် လူမျိုးများ၏ပျော်ရွှင်မှုနှင့် လူ့သားဘဝ တိုးတက်မှုအတွက် လုပ်ဆောင်ပေးသည့် ပါတီတစ်ခုဖြစ်သောကြောင့်ဟု သမ္မတ ရှီက ပြောကြားခဲ့သည်။
မျိုးဝင်း (Ref; BBC)