နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးယောက်ပစ်ခတ်မှုအတွင်း ရဲအရာရှိအပါအဝင် သုံးဦးသေဆုံး

နယူးယောက်  ဇွန်    ၂၄


သေနတ်သမားဟု  ယုံကြည်ရသူ တစ်ဦးက အာဗာဒါမြို့ဆင်ခြေဖုံးရှိ ဈေး ဝယ်နေရာတစ်ခုတွင် ရဲအရာရှိတစ်ဦးနှင့် အခြားတစ်ဦးကို  ပစ်သတ်ခဲ့ကြောင်း အာဏာပိုင်များကပြောသည်။ 

အာဗာဒါမြို့အနီးတွင် မတော်တဆမှု ဖြစ်သည့်ဖုန်းခေါ်မှုကို     တုံပြန်ခဲ့ပြီး နောက် ၁၅ မိနစ်အကြာတွင်ပစ်ခတ်မှုနှင့် အရာရှိကိုထိသွားသည့် အရေးပေါ်  ၉၁၁ ကိုခေါ်သည့်ဖုန်းဝင်လာခဲ့ကြောင်း  ရဲ တပ်ဖွဲ့ဒုတိယအကြီးအကဲ အဒ်ဘရတ်ဒ် လီက သတင်းစာရှင်းလင်းပွဲတွင်ပြော သည်။ သေနတ်သမားပစ်ခတ်မှုကြောင့် ဒဏ်ရာရသည်ဟုထင်ရသော တခြားသူ တစ်ဦးကို ဆေးရုံသို့ခေါ်ဆောင်သွားပြီး နောက် သေဆုံးခဲ့ကြောင်းသိရသည်။


အာဏာပိုင်များက တိုက်ခိုက်မှုနှင့် ပတ်သက်သည့်   အခြေအနေများကို ချက်ခြင်းထုတ်ပြန်ခြင်း မရှိသော်လည်း အဆိုပါပစ်ခတ်မှုအတွင်း အခြားတစ်ဦး တစ်ယောက်မှပါဝင်မှုမရှိဟု  ယုံကြည် ကြောင်းပြောခဲ့သော်လည်း   မည်သူ မည်ဝါဖြစ်ကြောင်း ထုတ်ပြန်ခြင်းမရှိခဲ့ ကြောင်း သိရသည်။ ရဲများအနေဖြင့် သံသယရှိသူနှစ်ဦးရှိခဲ့သည်ဟု ပြောကြား ခဲ့ကာ ပစ်ခတ်မှုတွင် ရှေးဟောင်းမြို့ဖြစ် သည့် အာဗာဒါမြို့ရှိ စားသောက်ဆိုင်များ၊ ဘီယာဆိုင်များနှင့်   အခြားစီးပွားရေး လုပ်ငန်းများရှိသည့် မြို့လယ်ခေါင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မျိုးဝင်း (Ref;BBC)






အခြားဆက်စပ်သတင်းများ