ပြုံယမ်း ဇွန် ၂၄
အမေရိကန်အနေဖြင့် မကြာသေးမီ က ဖြစ်ရပ်မှားကို မှားယွင်းစွာနားလည်ပြီး ပြုံယမ်းက တွေ့ဆုံဆွေးနွေးလိုသည်ဟု ယူဆနေကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်၏ညီမ ကင်ယိုဂျုံ က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ သည်။ လွန်ခဲ့သောအပတ်က ကျင်းပသည့် အာဏာရအလုပ်သမားပါတီ စုံညီအစည်း အဝေးတစ်ခုတွင် ကင်ဂျုံအန်က မြောက် ကိုရီးယားအနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် တွေ့ဆုံဆွေးနွေးရန် သာမက ထိပ်တိုက်တွေ့ရန်လည်း ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောခဲ့ သည်။
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ဆန်းကင် သည် ပြီးခဲ့သည့်စနေနေ့မှစတင်ပြီး တောင်ကိုရီးယားသို့ ၅ ရက်ကြာသွား ရောက်လည်ပတ်နေစဉ် ကင်က ယခု ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ မြောက် ကိုရီးယားအနေဖြင့် နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် နိုင်ငံ တကာ ပိတ်ဆို့အရေးယူမှုရုပ်သိမ်းခြင်း ကဲ့သို့သောလိုက်လျောမှုများ လိုချင် သော်လည်း အမေရိကန်ပြည်ထောင်စုမှ မြောက်ကိုရီးယားဖက်က ဦးစွာ နျူကလီးယားလက်နက်များ ဖျက်သိမ်း ပေးရန်သာတောင်းဆိုခဲ့သည်။
ရဲခေါင် (Ref;Reuters)