ကဘူးလ် ဇွန် ၂၄
တာလီဘန်သူပုန်များ၏ ပုန်ကန် ထကြွမှုများ ပိုမိုမြင့်တက်လာခြင်း ကြောင့် အမေရိကန်စစ်တပ်သည် အာဖဂန်နစ္စတန်နိုင်ငံမှ ဖြည်းဖြည်းချင်း သာဆုတ်ခွာနိုင်ဖွယ်ရှိကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ကာဘီက ပြောကြား လိုက်သည်။
အာဖဂန်နစ္စတန်မှ အမေရိကန်တပ် များကို စက်တင်ဘာလတွင် အပြီးသတ် ဆုတ်ခွာရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၏ထုတ်ပြန်ချက်သည် ဆက်လက် အကျုံးဝင်သက်ရောက်နေသေးကြောင်း ကာဘီက အလေးပေးပြောကြားခဲ့သော် လည်း ယင်းအခြေအနေသည် အာဖဂန် နစ္စတန်နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခြေခံ၍ ညှိနှိုင်းလုပ်ဆောင်သွားနိုင်သည်ဟု ကာဘီက ပြောကြားခဲ့သည်။
အယ်ကေးဒါးစစ်သွေးကြွများကို တိုက်ခိုက်ပြီး တာလီဘန်များကို တိုက်ခိုက် နေသည့် အာဖဂန်နစ္စတန်အစိုးရအား နှစ်ပေါင်းနှစ်ဆယ်နီးပါးကြာ အကူအညီ ပေးခဲ့ပြီးနောက် ဘိုင်ဒင်သည် အာဖဂန်ရှိ အမေရိကန်တပ်များဆုတ်ခွာရန် ဧပြီလ က အမိန့်ထုတ်ပြန်ခဲ့ကာ ယင်းဆုတ်ခွာ မှုသည် တစ်ဝက်နီးပါးပြီးစီးနေပြီဖြစ် ကြောင်း ပင်တဂွန်အရာရှိများက လွန်ခဲ့ သည့်သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။ ဘိုင်ဒင်၏အာဖဂန်မှ ဆုတ်ခွာရန်အမိန့် အတွင်း အမေရိကန်စစ်သား ၂,၅၀ဝနှင့် အမေရိကန်နိုင်ငံသား အများစုပါဝင် သည့် ကန်ထရိုက်တာ ၁၆,ဝ၀ဝ နီးပါး အကျုံးဝင်သက်ရောက်နေသည်။
ပင်တဂွန်သည် ၎င်း၏အဓိက အခြေစိုက်စခန်းအများအပြားကို အစိုးရ လုံခြုံရေးတပ်ဖွဲ့များထံ လွှဲပြောင်းပေးအပ် ခဲ့ပြီး ပစ္စည်းကိရိယာများတင်ဆောင် ထားသည့် ရာနှင့်ချီသည့်ကုန်တင် လေယာဉ်များကိုဖယ်ရှားခဲ့သည်။
အမေရိကန်စစ်တပ်အနေဖြင့် တာလီဘန်တို့နှင့် တိုက်ခိုက်နေသော အာဖဂန်စစ်တပ်ကို ဆက်လက်ထောက်ပံ့ သွားမည်ဟု ကာဘီကပြောကြားခဲ့သည်။
ရဲခေါင် (Ref; AFP)