နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ၏ တင်ပို့ကုန်စာရင်းတွင် Covid-19 ကာကွယ်ဆေးလေးမျိုးပါဝင်

ဘေကျင်း  ဇွန်    ၂၄


တရုတ်နိုင်ငံက နိုင်ငံခြားသို့ တင်ပို့ နိုင်သော    ကာကွယ်ဆေးထုတ်ကုန် စာရင်းတွင် ပြည်တွင်း၌ ဈေးကွက်တွင် ရောင်းချခွင့်ရရှိထားသော COVID-19 ကာကွယ်ဆေးလေးမျိုးလည်းပါဝင် ကြောင်း သိရသည်။ အဆိုပါ ကာကွယ် ဆေးများအနက် Beijing Institute of Biological Products ကုမ္ပဏီလီမိတက် နှင့် Sinovac Life Sciences ကုမ္ပဏီ လီမိတက်တို့မှ   ထုတ်လုပ်ထားသော ကာကွယ်ဆေးနှစ်မျိုးမှာ   ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့မှ အရေးပေါ်အသုံးပြုခွင့်စာရင်း တွင်ပါဝင်ပြီးသားဖြစ်ကြောင်း သိရသည်။ 


အဆိုပါ  ကာကွယ်ဆေးများသည် တရုတ်နိုင်ငံတွင် အများအပြားထိုးနှံပြီး ဖြစ်ကြောင်းနှင့် နိုင်ငံပေါင်း ၁၀ဝ ခန့်တွင် အသုံးပြုရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ် ကြောင်း ဝန်ကြီးဌာနတာဝန်ရှိသူကပြော သည်။ ဝန်ကြီးဌာနအနေဖြင့် တရုတ် နိုင်ငံမှ ကာကွယ်ဆေးများဝယ်ယူရာ၌ ပြည်ပနိုင်ငံများအားကူညီရန် ဆက်စပ် အဖွဲ့အစည်းများနှင့် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများအား ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ပြုလုပ်ရေး အထောက်အကူပြုရန်    ခိုင်မာသော ဆောင်ရွက်ချက်များ လုပ်ဆောင်သွား မည်ဖြစ်ကြောင်းနှင့် အားလုံးအတွက် ကျန်းမာသော   ကမ္ဘာ့အသိုက်အဝန်း တစ်ခုတည်ဆောက်ရေး မြှင့်တင်သွား မည်ဖြစ်ကြောင်း သိရသည်။ 

ရဲခေါင် (Ref; Xinhua)






အခြားဆက်စပ်သတင်းများ