နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်း သာယာရေးသည် အရေးကြီးလှပေသည်။ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှသာ စီးပွားရေးလုပ်ငန်းများ ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ထိုနေရာတွင်အဓိကလိုအပ်ချက်မှာ ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်သည်။
ကမ္ဘာတစ်ဝန်းမတည်ငြိမ်မှုများကြောင့် ရင်းနှီးမြှုပ်နှံ သူများက တည်ငြိမ်သောနေရာများကို ရှာဖွေလာကြသည်။ ပြည်သူများ၏ဆန္ဒမှာ အေးချမ်းသာယာသည့်နိုင်ငံတွင် စီးပွားရေးကောင်းမွန်ပြီး အလုပ်အကိုင်အခွင့်အလမ်းသာနေခြင်းသာ အလိုရှိကြမည်ဖြစ်သည်။
မိမိတို့နိုင်ငံကို တည်ငြိမ်အေးချမ်းမှုကင်းမဲ့နေစေရေး၊ ပြည်သူလူထုအတွင်း ကျီးလန့်စာစား အထိတ်တလန့်ဖြစ်နေ စေရေး၊ ပြည်တွင်းစစ်ဖြစ်ရေးကို နည်းလမ်းပေါင်းစုံမှ သွေးထိုး လှုံ့ဆော်လုပ်ဆောင်မှုများ လူမှုကွန်ရက်များအသုံးပြုလုပ် ဆောင်နေသည်ကို ဖေ့စ်ဘုတ်တစ်ခွင်လှုပ်ရှားဆောင်ရွက်နေ ကြသည်။ စစ်၏အနိဋ္ဌာရုံကို တမ်းတမြင်မက်နေကြသည်မှာ ကြောက်လန့်ဖွယ်လူမှုပတ်ဝန်းကျင်ကို ပုံဖော်နေကြသည်။
သာမန်ရပ်သူရွာသားများကို အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ကျောင်းများ၊ ဈေးဝယ်စင်တာများကို မီးရှို့ဖျက်ဆီးခြင်းဖြင့် နိုင်ငံသူ၊ နိုင်ငံသားတို့ကို အကြောက်တရားသွတ်သွင်းနေသည်။ ယနေ့နံနက်ကလည်း ကြည့်မြင်တိုင်မြို့နယ်ရှိ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားနေသော အသားရောင်းဈေးတန်း အနီး ယာဉ်ထိန်းအချက်ပြရုံအတွင်း လက်လုပ်ဗုံးထားရှိသွားရာ၊ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က ဗုံးကိုသက်မဲ့ပြုလုပ်သိမ်းဆည်း သွားခဲ့သည်။ ဈေးရောင်းဈေးဝယ်တို့ အထိတ်တလန့်နှင့် ရှောင်တိမ်းကြရသည်။ ပေါက်ကွဲမှုဖြစ်ပေါ်ပါက လူ့အသက် များစွာသေဆုံးကြရမည်။
မည်သို့ပင်ဖြစ်စေကာမူ လုံခြုံရေးအသိ၊ လုံခြုံရေးမျက်စိ ရှင်သန်နေရန်လိုအပ်သည်။ အဖျက်အမှောင့်များကို ကြိုတင် တားဆီး၊ ကာကွယ်ဖော်ထုတ်နိုင်မည်ဖြစ်သည်။ နိုင်ငံသူ၊ နိုင်ငံသားတိုင်း သတင်းတု၊ သတင်းယောင်များနှင့် သွေးထိုး လှုံ့ဆော်မှုများကိုသိမြင်နိုင်ရန် မြေပြင်အခြေအနေကို မှန်မှန် ကန်ကန်နားလည်နိုင်ရန်လိုအပ်သည်။
အထူးသဖြင့် အေးချမ်းသာယာမှုနှင့် လူမှုဘဝလုံခြုံရေးကို ဖျက်စီးတတ်သော ဒုစရိုက်မှု၊ အနိုင်အထက်ပြုကျင့်မှုတို့ မပေါ်ပေါက်အောင် အကာအကွယ်ပေးခြင်းသည် အားလုံးတွင် တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာတို့တွင်လည်း တာဝန်ရှိပေ သည်။ ပြည်သူ၊ ပြည်သားများ စည်းလုံးညီညွှတ်မှု ဝိုင်းဝန်း တားဆီးဖော်ထုတ်ဆောင်ရွက်ခြင်းဖြင့် ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အအပံ့ဖြစ်စေချင် ကြောင်း ။ ။