ကဘူးလ် ဇွန် ၂၃
အာဖဂန်နစ္စတန်၏ ပဋိပက္ခအလွန် ကာလတွင် အမျိုးသမီးများ ယုံကြည်မှု အပြည့်နှင့်အလုပ်လုပ်ခွင့်၊ ပညာ သင်ကြားခွင့်ရရှိကြရန် အာမခံမည် ဖြစ်ကြောင်း တာလီဘန်များကထုတ်ဖော် ပြောကြားလိုက်သည်။ ကမ္ဘာ့လူမှု အသိုင်းအဝိုင်းက ယုံကြည်လက်ခံလာ စေရန် ကြိုးပမ်းသည့်အနေဖြင့် စစ်မှန် သည့်အစ္စလာမ္မစ်စနစ်ကို ကျင့်သုံးသွား မည်ဖြစ်ပြီး အဆိုပါစနစ်အရ သတင်း ဌာနများကိုဖြန့်ဝေသည့် တာလီဘန် အဖွဲ့ နိုင်ငံခြားရေးဌာန ဒုတိယအကြီး အကဲ Mullah Abdul Ghani Baradar ၏ ကြေညာချက်တွင် အာဖဂန်စစ်ပွဲ အဆုံးသတ်နိုင်ရေး ညှိနှိုင်းလိုက်လျော နိုင်မည့် အာမခံချက်တချို့ကိုထုတ်ပြန် လိုက်ခြင်းဖြစ်သည်။
အမေရိကန် နှင့် နေတိုးမဟာမိတ် တပ်ဖွဲ့များက ယင်းတို့၏ နောက်ဆုံး လက်ကျန်အင်အားစုကို စက်တင်ဘာ ၁၁ ရက်နောက်ဆုံးထားပြီး အာဖဂန်မှ ဆုတ်ခွာနေချိန်တွင် တိုင်းပြည်အတွင်း မတည်မငြိမ်မှုနှင့် သွေးထွက်သံယိုဖြစ်မှု များမှာပိုများလာပြီး တာလီဘန်များက စစ်ရေးနည်းနှင့် အာဏာပြန်ရသွားမည့် အပေါ် စိုးရိမ်မှုများရှိနေကြောင်း သိရ သည်။ အာဖဂန်တွင် မိန်းကလေးငယ် များကို ကျောင်းတက်ခွင့်တားမြစ်ခြင်း၊ ဆွေမျိုးမိသားစုဝင်အမျိုးသားများမပါ လျှင် အမျိုးသမီးများ အပြင်သွားလာ ခွင့်မပေးသည့် အစ္စလာမ်ဥပဒေကို ၁၉၉၀ နှစ်လွန်ကာလများကတည်းက တာလီဘန်တို့က အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ရဲခေါင် (Ref; AP)