နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားကင်းမဲ့ဇုန်ဖြစ်လာရေးဆောင်ရွက်ရန် ကန်အထူးကိုယ်စားလှယ် ပြော

ပြုံယမ်း    ဇွန်    ၂၃


ကိုရီးယားကျွန်းဆွယ်ကို နျူကလီယားကင်းမဲ့ဇုန်ဖြစ်လာရေးအတွက် သံတမန်နည်းလမ်းများနှင့် ဆွေးနွေးပွဲ များမှတစ်ဆင့်     အထမြောက်အောင် ဆောင်ရွက်ရေး နှစ်နိုင်ငံသဘောတူထား သည့်  ကတိကဝတ်ကို ကန်အထူး ကိုယ်စားလှယ်က ထပ်လောင်းအတည် ပြုခဲ့ကြောင်း သိရသည်။ 

အမေရိကန်ဘက်က     မြောက် ကိုရီးယားနှင့် အချိန်မရွေး၊ နေရာမရွေး၊ ကြိုတင်သတ်မှတ်ချက်များမပါဘဲ ဆွေးနွေးလိုကြောင်း မြောက်ကိုရီးယား ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် က ကမ်းလှမ်းထားပြီး တောင်ကိုရီးယား သို့သွားရောက်သည့် ၅ ရက်တာခရီးစဉ် အတွင်းပြောခဲ့ခြင်းဖြစ်သည်။ 


ဆွေးနွေးပွဲများပြန်စရေး  ပြင်ဆင် မှုနှင့်ပတ်သက်၍     မကြာသေးမီက မြောက်ကိုရီးယားက ထုတ်ပြန်သည့် ကြေညာချက်ကိုလည်း  သတိထားမိ ကြောင်း၊ မကြာမီကာလတွင် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းချက်အတွက် အပြုသဘောပါသည့်   တုံ့ပြန်မှုရရန် လည်းမျှော်လင့်ကြောင်း      ကန် ကိုယ်စားလှယ်က ဆက်လက်ပြောကြား ထားသည်။ 


တားမြစ်ထားသည့် နျူကလီယား နှင့်    ဒုံးလက်နက်အစီအစဉ်များကို စွန့်လွှတ်ရန်   မြောက်ကိုရီးယားကို ဖျောင်းဖျရာတွင် ဘိုင်ဒန်အစိုးရအနေ ဖြင့် သံတမန်နည်းလမ်းများအပါအဝင် လက်တွေ့ကျပြီး    တိကျမှန်ကန်သည့် ချဉ်းကပ်နည်းများနှင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကတိပေးခဲ့ခြင်းများ လည်းရှိသည်။      

ရဲခေါင်(Ref;Reuters)






အခြားဆက်စပ်သတင်းများ