ကိုလံဘို ဇွန် ၂၃
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၁ ခုနှစ် အတွင်း ယခုအချိန်ထိ သွေးလွန် တုပ်ကွေး ရောဂါကူးစက်ခံရသူအရေအတွက်မှာ ၈,၁၃၉ ဦးထိ မြင့်တက်လာခဲ့ပြီး နိုင်ငံ၏ မြို့တော် ကိုလံဘိုတွင် ရောဂါဖြစ်ပွားသူ အရေအတွက် အမြင့်ဆုံးဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူ ၃၀၅ ဦးရှိခဲ့ပြီး ယင်းတို့အနက် ၈၈ ဦးမှာ ကိုလံမြို့၌ဖြစ်ကြောင်း အမျိုးသား အဆင့် သွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်မှုဌာန ညွှန်ကြားရေးမှူးက ထုတ်ပြန်ပြောကြားထားသည်။ တရားဝင် ထုတ်ပြန်သော အချက်အလက်များအရ ဧပြီလတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၁,၈၆၀ ဦးနှင့်အတူ အမြင့်ဆုံး အရေအတွက်ရှိနေခဲ့ကြောင်း သိရသည်။ ]
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များက သွေးလွန်တုပ်ကွေးရောဂါ၏ အခြားလက္ခဏာများဖြစ်သည့် ကိုယ်ပူ ချိန်မြင့်မားခြင်း၊ အလွန်အကျွံအော့အန် ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ မူးဝေခြင်းတို့ ဖြစ်ပွားပါက ပြည်သူများအနေဖြင့် ချက်ချင်းဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု များရယူကြရန် တိုက်တွန်းထားသည်။
မျိုးဝင်း(Ref; AFP)