နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid အတည်ပြုလူနာနှစ်သန်းကျော်လာသည့်အတွက် အင်ဒိုနီးရှားတွင် ကန့်သတ်ချက်များ တင်းကျပ်စွာဆောင်ရွက်

ဂျကာတာ    ဇွန်    ၂၃


င်ဒိုနီးရှားတွင်  ယခုရက်ပိုင်း အတွင်း  Covid  အတည်ပြုလူနာ ၁၄,၅၃၆ ဦး ထပ်တိုးလာကာ ပြီးခဲ့သည့် နှစ်မတ်လမှစ၍ရေတွက်ပါက အတည်ပြု လူနာစုစုပေါင်း နှစ်သန်းကျော်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။ 


ယင်းအခြေအနေများကြောင့် နိုင်ငံ အတွင်း Covid ဆိုင်ရာ   စည်းမျဉ်း စည်းကမ်းများကို တင်းကျပ်စွာချမှတ် ခဲ့ပြီး နယ်မြေကန့်သတ်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်ထားကြောင်း အင်ဒို သဘာဝဘေးအန္တရာယ်ဆိုင်ရာ တားဆီး နှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။ 


အနီရောင်အဆင့်သတ်မှတ်ထား သည့်  ကပ်ရောဂါအခြေအနေအဆိုးဝါး ဆုံးဒေသများတွင်      ကုမ္ပဏီလုပ်ငန်း ဝန်ထမ်းအနည်းဆုံး (၇၅)ရာခိုင်နှုန်းက အိမ်၌ အလုပ်လုပ်ကြရမည်ဖြစ်ကြောင်း၊ စာသင်ကျောင်း၊     အနုပညာစင်တာ၊ ဘာသာရေးအဆောက်အဦများကို ပိတ် ထားရမည်ဖြစ်ပြီး စူပါမားကတ်၊ ဈေးဝယ် စင်တာ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင် စသည့် အများသွားလာသည့်နေရာများ တွင်   လက်ခံနိုင်သည့်ဦးရေ၏ ၂၅ ရာခိုင်နှုန်းသာ လက်ခံရမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကိုဗစ်ကပ်ရောဂါထိန်းချုပ် ရေးနှင့်    အမျိုးသားစီးပွားပြန်လည် ထူထောင်ရေးကော်မတီဥက္ကဋ္ဌက ပြော သည်။ 


ဇွန် ၂၁ ရက်အထိ အင်ဒိုနီးရှားတွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁၂ ဒသမ ၄ သန်းနီးပါးရှိပြီး ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ ၂၃ ဒသမ ၅၃ သန်း ရှိကြောင်း    အင်ဒိုနီးရှားကျန်းမာရေး ဝန်ကြီးဌာန၏စာရင်းများအရ    သိရ သည်။                

 ရဲခေါင် (Xinhua)






အခြားဆက်စပ်သတင်းများ