တီဟီရန် ဇွန် ၂၃
တီဟီရန်၏ဒုံးကျည်ကာကွယ်ရေး အစီအစဉ်နှင့် ဒေသတွင်းပြည်သူ့စစ် အဖွဲ့များကို အထောက်အပံ့ပေးသည့် ကိစ္စရပ်များကို ညှိနှိုင်းမည်မဟုတ် ကြောင်း အီရန်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရသူက ပြောကြားလိုက် သည်။
အီရန်တရားစီရင်ရေးအကြီးအကဲ အီဘရာဟင်ရိုင်စီက မိမိကိုယ်ကိုယ်“ လူ့ အခွင့် အရေးကာကွယ်သူ” အဖြစ် ဖော်ပြ ခဲ့သော်လည်း ယင်းအနေဖြင့် ၁၉၈၈ ခုနှစ်အတွင်း လူ ၅၀ဝ၀ ခန့်အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွင် ပါဝင် ပတ်သက်မှုရှိခဲ့ကြောင်း သတင်းများ တွင်ဖော်ပြထားသည်။
အီရန်နိုင်ငံအပေါ် ဖိနှိပ်ချုပ်ချယ် သော ပိတ်ဆို့အရေးယူမှုများအားလုံးကို ရုပ်သိမ်းပေးရန် အမေရိကန်တွင်တာဝန် ရှိကြောင်း မစ္စတာရိုင်စီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အီရန် နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်နှင့် ဒေသတွင်း ပြည်သူ့စစ်အဖွဲ့များကို ထောက်ပံ့ခြင်းများနှင့်ပတ်သက်၍ မေးမြန်းရာတွင်မူ ထိုကိစ္စရပ်များကို မညှိနှိုင်းရသည့် ကိစ္စရပ်များအဖြစ် ထုတ်ဖော်ပြောကြားခဲ့သည်။
အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် တိုက်ခိုက်ရေးလေယာဉ်များစွာကို ၁၉၇၉ ခုနှစ်၊ အစ္စလာမ္မစ်တော်လှန်ရေး မတိုင်မီက ဝယ်ယူခဲ့ခြင်းဖြစ်ကာ အာရပ် အိမ်နီးချင်းနိုင်ငံများရန်မှ ကာကွယ်ရန် ဒုံးကျည်များကို နှစ်ပေါင်းများစွာထားရှိ ခဲ့ခြင်းဖြစ်သည်။
ရဲခေါင် (Ref;Reuters)