နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ ပြည်သူတို့၏ နေ့စဉ် စားသုံးမှုဘဝသည် လူမှုဆောင်တာများတွင် ခေတ်မီစနစ် ကျနမှုများလိုအပ်နေဆဲဖြစ်သည်။ မျက်မှောက်ကာလတွင် သတိပြုရမည့်အချက်များမှာ      ဇီဝအန္တရာယ်ဟုဆိုသည့် အစားအသောက်များတွင်ပါဝင်သော    ပိုးမွှားနှင့် အဆိပ် အန္တရာယ်ဖြစ်သည်။သက်ဆိုင်ရာဝန်ကြီးဌာနများက စနစ်တကျ သုတေသနပြု  စူးစမ်းရှာဖွေစမ်းသပ်ဖော်ပြနိုင် သဖြင့် ဆောင်ရန်၊ ရှောင်ရန်အချက်များရရှိခဲ့သည်။


မြန်မာနိုင်ငံရှိ ပြည်သူတို့၏ သဘောသဘာဝနှင့် အနေ အထားများအရ ပြည်သူတို့နေ့စဉ်စားသုံးနေသော အစားအစာ များကို ပြည်သူတို့ကိုယ်တိုင် အသိတရားလက်ကိုင်ထား၍ ဆင်ခြင်စားသုံးကြရမည်သာဖြစ်သည်။    ရှေးလူကြီးတို့၏ ဆိုရိုးဆုံးမစကားဖြစ်သည့် အစားမတော်တစ်လုတ်၊ အသွား မတော်တစ်လှမ်းဟူသည့် ဆုံးမစကားရှိခဲ့ဖူးသည်။ 


အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သော ကူးစက်မြန်ရောဂါ တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လ၌ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် ပါဆမ်ကျေးရွာတွင် အဆိုပါရောဂါဖြစ်ပွား ကျရောက်ခဲ့သည်။ မွေးမြူထားသောဝက်များကို အဆိုပါရောဂါဖြစ်ပွားကျရောက်ခြင်းမှ    ကြိုတင်ကာကွယ်နိုင်ရန် သက်ဆိုင်ရာက အသိပေးထားသည်။


အာဖရိကဝက်အပြင်းဖျားရောဂါသည်  လူကို  လုံးဝ (လုံးဝ) ကူးစက်ခြင်းမရှိပါ။  ဝက်မွေးမြူရေးခြံများ၏ ဇီဝ လုံခြုံမှုကို အထူးဂရုပြမြှင့်တင်ရန်နှင့် ဝက်ခြံများနှင့် သား၊ ငါးဈေးများတွင် စနစ်တကျပိုးသတ်ဆေးဖျန်းခြင်း ပုံမှန် ဆောင်ရွက်ရန်၊ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများစားသောက် ဆိုင်နှင့်အိမ်များမှ စားကြွင်းစားကျန်များ ကျွေးမည်ဆိုပါက အပူပြင်းပြင်းဖြင့်  ကျက်အောင်ချက်ပြုတ်ပြီးမှ ဝက်များ ကျွေးမွေးရန်၊ အခြားခြံမှ အသုံးအဆောင်ပစ္စည်းများငှားရမ်း သုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊ အသက်၊ အရွယ်တူဝက်များကိုသာ အတူတူမွေးမြူရန်၊ ဝက်ခြံများတွင် အပူချိန်၊  စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊    ပြည်ပမှ တရားမဝင်တင်သွင်းလာသော ဝက်အရှင်နှင့်  ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့်အခြား ဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊စားသုံးခြင်း မပြုရန်၊ တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊ တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ထံသို့ ချက်ခြင်းသတင်းပို့ရန် လိုအပ်သည်။ 


တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်း ရှာဖွေခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ