မော်စကို၊ ဇွန် ၂၀
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားအနောက်တောင်ပိုင်း ကာမာရိုဗိုအိုဘလက်စ်တွင် အင်ဂျင်နှစ်လုံးတပ် Let L-410 လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်ခဲ့ရာမှာပျက် ကျခဲ့သဖြင့်လူများစွာသေဆုံးပြီး ဒါဇင်နှင့်ချီကာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရ သည်။
အစောပိုင်းသတင်းများအရ ပျက်ကျခဲ့သည့် အဆိုပါလေယာဉ်ပေါ်တွင် လူ ၂၀ လိုက်ပါလာခဲ့ပြီး တာဝန်ရှိသူများက လေယာဉ်ပျက်ကျရသည့်အကြောင်းနှင့် ပတ် သက်ပြီး ထုတ်ပြန်ခဲ့ရာမှာတော့ လေယာဉ်အင်ဂျင်တစ်လုံး ချို့ယွင်းမှုကြောင့် ဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပြဿနာကိုသိသိချင်း တစ်ပြိုင်နက် လေယာဉ်မှူးမှာ လေယာဉ်ကိုအရေး ပေါ်ဆင်းသက်ဖို့ ကြိုးစားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော် လေထီးများကို သယ်ယူ လာနေချိန် လေယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒေသန္တရအာဏာပိုင်များကမူ လေယာဉ်ပျက်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရ သူအရေအတွက်မှာ များပြားပြီး ၁၅ ဦးထိရှိခဲ့ကြောင်း သိရသည်။ အရေးပေါ်ကယ် ဆယ်ရေးသမားများကမူ ထိခိုက်ဒဏ်ရာရသူအရေအတွက်မှာ ၁၃ ဦးရှိခဲ့ကြောင်း ပြောကြားထားသည်။
မျိုးဝင်း (ref;Reuters)