တီဟီရန်၊ ဇွန် ၂၀
အီရန်သမ္မတ ရွေးကောက်ပွဲတွင် တရားရေးဌာန အကြီးအကဲဟောင်း ဖြစ် သည့် မစ္စတာ Ebrahim Raisi ကို လူထုက သမ္မတအဖြစ် ရွေးကောက်ကြောင်း အီရန်ပြည်ထဲရေးဝန်ကြီးက ကြေညာ လိုက်သည်။
အီရန်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပသည့် သမ္မတရွေးကောက်ပွဲတွင် မဲပေးသူ အရေအတွက်နည်းခဲ့ပြီး Raisi ကို ယှဉ်ပြိုင်နိုင်လောက်သည့် ကိုယ်စား လှယ်လောင်း မရှိခဲ့ကြောင်း၊ ပြောကြား ခဲ့သော်လည်း မဲရုံများ ပိတ်သိမ်းသည် အထိ မဲပေးသူ အရေအတွက်နှင့် ပတ် သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ တရားဝင်ခန့်မှန်းချက် ထွက်ခဲ့ခြင်း မ ရှိကြောင်း သိရသည်။
အီရန်တွင် မဲပေးခွင့်ရှိသူ ၅၉ သန်း အနက် သောကြာနေ့ ညနေ ၇ နာရီ ခွဲအချိန်ထိ မဲပေးသူ ၃၇ ရာခိုင်နှုန်းရှိ ကြောင်း အီရန်အစိုးရနှင့် ပတ်သက် သည့် Fars သတင်းအေဂျင်စီက ဖော်ပြ ခဲ့သည်။ သို့သော် ရွေးကောက်ပွဲကို ကြီး ကြပ်သည့် ပြည်ထဲရေးဝန်ကြီးဌာနဘက် ကမူ အဆိုပါအရေအတွက်ကို အတည် ပြုခြင်း မရှိသေးကြောင်း သိရသည်။
မဲပေးသူ ၂၉ သန်းနီးပါးရှိပြီး ၁၇ ဒသမ ၉ သန်းကျော်၏ ထောက်ခံမှုကို Ebrahim Raisi ရရှိခဲ့ခြင်း ဖြစ်သည်။
ရဲခေါင် (ref;BBC)