နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ထိပ်တန်းနျူကလီးယားပညာရှင် အမြင့်မှပြုတ်ကျသေဆုံး

ဘေကျင်း၊  ဇွန်  ၂၀ 


တရုတ်နိုင်ငံ၏ ထိပ်တန်းနျူကလီး ယားပညာရှင်များအနက် တစ်ဦးဖြစ် သော  ကျောင်ကျင်းကျန်သည်  အ ဆောက်အအုံတစ်ခုမှ ပြုတ်ကျ သေဆုံး သွားကြောင်း ဟာဘင် အင်ဂျင်နီယာ တက္ကသိုလ်က ကြေညာလိုက်သည်။


မစ္စတာကျောင်သည်   အဆိုပါ တက္ကသိုလ်၏ ဒုတိယပါမောက္ခဖြစ်ပြီး ယင်းသေဆုံးနေသည်မှာ လူသတ်မှု ကြောင့် မဟုတ်ကြောင်း အခင်းဖြစ်ပွား ရာသို့ သွားရောက်စစ်ဆေးခဲ့သည့် ရဲ တပ်ဖွဲ့က ပြောသော်လည်း အခြားအ သေးစိတ်များကိုမူ ပြောကြားခြင်းမရှိ ကြောင်း တရုတ်နိုင်ငံမြောက်ဖက်စွန်း ဟေလောင်ကျန်ပြည်နယ် မြို့တော်မှ ထိုတက္ကသိုလ်က Weibo တရုတ်လူမှု ကွန်ရက်တွင် ဖော်ပြခဲ့သည်။ 


ထို့ပြင် ယင်းသေဆုံးရခြင်းနှင့်ပတ် သက်သည့် အခြားမည်သည့် တရားဝင် ကြေညာချက်မျှ ထုတ်ပြန်ခြင်းမရှိသော် လည်း ယင်း၏အမည်သည် တက္ကသိုလ် ဦးဆောင်သူများ စာရင်းတွင်ရှိနေသည် ဟု သိရသည်။


ကျောင်ကျင်းကျန်သည် တက္ကသိုလ် နျူကလီးယား သိပ္ပံနှင့် နည်းပညာ ပါမောက္ခတစ်ဦးနှင့် တရုတ်နိုင်ငံနျူ ကလီးယားအသင်းကြီး၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည့်အပြင် ၎င်းမှာ အဆိုပါ တက္က သိုလ်၏ ကွန်မြူနစ်ပါတီ အမြဲတန်းကော် မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။           

   မျိုးဝင်း (ref;BBC)






အခြားဆက်စပ်သတင်းများ