နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၂ မှစ၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဒုတိယအကြိမ်မြောက် ဂူတာရက်စ် တရားဝင်ထမ်းဆောင်မည်

နယူးယောခ်၊  ဇွန် ၂၀


လာမည့်   ၂၀၂၂   ခုနှစ်မှစ၍     ကုလ သမဂ္ဂ အထွေထွ အတွင်းရေးမှူးချုပ် အဖြစ် ဒုတိယအကြိမ်မြောက် ဂူတာ ရက်စ် တရားဝင်ထမ်းဆောင်မည်ဖြစ် ကြောင်း သိရသည်။

အန်တိုနီရိုဂူတာရက်စ်ကို ကုလသ မဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အ ဖြစ် ဇွန် ၁၈ ရက်တွင် တရားဝင်ထပ်မံ ခန့်အပ်ခဲ့ကြောင်း ကုလသမဂ္ဂ အထွေ ထွေညီလာခံက ထုတ်ပြန်ထားပြီဖြစ် ကာ ဂူတာရက်စ်သည် ယင်း၏ ဒုတိယ သက်တမ်းတာဝန်ကို  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ (၅)နှစ်ကြာ ထပ်မံ ၍ တရားဝင်တာဝန်ထမ်းဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။


လက်ရှိအချိန်နှင့် ယင်း၏ ဒုတိယ သက်တမ်းကာလတွင် “အပြန်အလှန် ယှက်နွယ်မှုရှိသည့် ဆောင်ရွက်ချက်” (၁၀)ခုကို အကောင်အထည်ဖော်လုပ် ဆောင်ရန်လိုအပ်ကြောင်း၊ ထို့ပြင် Covid 19 ကပ်ရောဂါနှင့် နောက်ဆက် တွဲ အ ကျိုးဆက်များကို ရေရှည် ကျယ် ပြန့်စွာ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်ရေး တို့ကိုလည်း  ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။


အလားတူ   နေရာအားလုံးတွင်ရှိ သော လူအားလုံးအတွက် Covid 19 ကာ ကွယ်ဆေးရရှိစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဂူတာရက်စ်က မီဒီယာများကိုပြောကြား ခဲ့သည်။  

မျိုးဝင်း (ref;Xinhua)






အခြားဆက်စပ်သတင်းများ