ရီယာ့ဒ်၊ ဇွန် ၁၉
ဆော်ဒီအာရေဗျနိုင်ငံ နယ်စပ်မြို့ ဖြစ်သော Asir မြို့ရှိ စာသင်ကျောင်းတစ် ကျောင်းပေါ်သို့ ဗုံးကြဲဒရုန်း လေယာဉ် တစ်စင်းပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း ဆော်ဒီကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဟူတီပြည်သူ့စစ်တပ်ဖွဲ့၏ ဒရုန်းဖြင့် နောက်ဆုံးတိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရသူမရှိကြောင်း ဆော်ဒီကာကွယ် ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ကြီး Abduljalil Al Jilban ၏ ပြော ကြားချက်ကို ကိုးကား၍ ဆော်ဒီသတင်း အေဂျင်စီက ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်စဉ်သည် ဆော်ဒီအာရေဗျ ပစ်မှတ်များ (အထူးသဖြင့် နယ်စပ်ရှိ မြို့များ)ကို ဦးတည်၍ ယီမင်နိုင်ငံရှိဟူတီ သူပုန်တပ်ဖွဲ့ဝင်များက မကြာခဏပစ် ခတ် တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် နောက် ဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သိ ရသည်။ ယင်းတိုက်ခိုက်မှု အများစုသည် ၎င်းတို့၏ ပစ်မှတ်ဆီသို့ မရောက်ရှိမီ လမ်းခုလပ်မှာပင် ကြိမ်ဖန်များစွာ ပျက် စီးသွားခဲ့ရကြောင်း သိရသည်။
ယီမင်နိုင်ငံသမ္မတ Abd-Rabbu Mansour Hadi ၏ အစိုးရအဖွဲ့ကို ထောက်ခံသောအားဖြင့် ဆော်ဒီအာရေ ဗျနိုင်ငံက ဦးဆောင်၍ ၂၀၁၅ ခုနှစ်မှ စတင်ကာ ယီမင်နိုင်ငံရှိ ဟူတီပြည်သူ့ စစ်သူပုန်အဖွဲ့အပေါ် စစ်ပွဲတစ်ခု ဆင်နွှဲ နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (ref; AFP)