နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရတ်တွင် စစ်အင်အားသုံးခွင့်ရပ်ဆိုင်းရေး ဥပဒေကြမ်း လာမည့်ရက်သတ္တပတ်အတွင်း ဆွေးနွေးမည်

ဘက်ဂ်ဒတ်၊  ဇွန် ၁၉ 


အီရတ်တွင် စစ်အင်အား အသုံးပြုခွင့် ပယ်ဖျက်မည့် ဥပဒေကြမ်းကို လာမည့် သီတင်းပတ်အစည်းအဝေးတွင် ဆွေးနွေး မည်ဖြစ်ကြောင်း  အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက ပြောဆိုထား သည်။


 အမေရိကန်ပြည်ထောင်စု  အနေဖြင့် ၂၀ဝ၂ ခုနှစ်ကတည်းက ကျင့်သုံးခဲ့သည့် အီရတ်နိုင်ငံ၏ စစ်အင်အားအသုံးပြု ခွင့်ကို ပယ်ဖျက်သည့် ဥပဒေကြမ်းကို အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်အ တည်ပြုလိုက်ပြီ ဖြစ်သည်။ 


ထောက်ခံမဲ ၂၆၈ မဲ၊ ကန့်ကွက်မဲ ၁၆၁ မဲနှင့် ဥပဒေကို အတည်ပြုလိုက်ခြင်းဖြစ် ပြီး ဥပဒေကို ထောက်ခံသူများအနေဖြင့် သမ္မတအမိန့်နှင့် စစ်ကြေညာနိုင်သည့် အခွင့်အာဏာကို ကန့်သတ်ရန် လိုအပ် သည့်အတွက်  ပယ်ဖျက်သင့်ကြောင်း ပြောထားကြခြင်း ဖြစ်သည်။ 


သမ္မတဟောင်း Donald Trump လက်ထက် ၂၀၂၀ ပြည့်နှစ်တွင် ဘဂ္ဂ ဒက်မြို့တော် လေဆိပ်၌ လေကြောင်း က တိုက်ခိုက်ခဲ့သည့်လုပ်ရပ်များကို ဟန့်  တားရန် ဥပဒေကို ထောက်ခံမည့်အ ကြောင်း အထက်လွှတ်တော် လူများစု ဒီမိုကရက်ခေါင်းဆောင်    Chuck Schumer က ပြောဆိုလိုက်ပြီးနောက် တစ်ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။              

မျိုးဝင်း (ref;Reuters)






အခြားဆက်စပ်သတင်းများ