ရာဗန်နာ၊ ဇွန် ၁၉
အီတလီနိုင်ငံမှ အမျိုးသမီးတစ် ဦးသည် ယင်း၏ဝမ်းဗိုက်အတွင်း ခွဲစိတ် ခန်းသုံး အပ်တစ်ချောင်း ၁၄ နှစ်ကြာ ကျန်ရှိနေသည့်အတွက် Bologna ဆေး ရုံကို တရားစွဲဆိုလိုက်ကြောင်း Resto del Carlino သတင်းစာက ဇွန် ၁၆ ရက်က သတင်းဖော်ပြခဲ့သည်။
၎င်းအမျိုးသမီးသည် ၂၀ဝ၄ ခုနှစ် က ခွဲစိတ်မှုလုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဝမ်းဗိုက်နာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရကာ ၂၀၁၈ ခုနှစ်က Pesaro မြို့ ၌ ယင်းအပ်အားဖယ်ရှားခဲ့ပြီးနောက် နာ ကျင်မှုဝေဒနာကို အဖြေရှာနိုင်ခဲ့ကြောင်း central-northern Italian newspaper ၌ ဖော်ပြထားသည်။
အဆိုပါ အမျိုးသမီးသည် ၁၄ နှစ် ကြာ ပဟေဠိဆန်သော နာကျင်မှုကို မ ကြာခဏ ခံစားခဲ့ရခြင်းကြောင့် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်ခံစားရမှုများနှင့် ပေါ့ဆမှု အတွက် ဆေးရုံကို တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (ref;Xinhua)