နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် Covid ဘေးဒဏ်ဆိုးရွားစွာ ခံစားရသူများအနက် ဒုက္ခသည်အများအပြားပါဝင်

နယူးဒေလီ၊  ဇွန် ၁၉ 


အိန္ဒိယနိုင်ငံတွင် Covid ဘေးဒဏ် အဆိုးဆုံးခံစားရသူများအနက် ဒုက္ခ သည်ဦးရေ နှစ်သိန်းထက်မနည်းပါဝင် ကြောင်း လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံ တကာ မဟာမိတ်အဖွဲ့က ပြောသည်။ 


ဒုက္ခသည်များသည် လူမှုဖူလုံရေး အစီအစဉ်များ သို့မဟုတ် အခမဲ့ကျန်းမာ ရေးစောင့်ရှောက်မှုများကို မရကြကြောင်း ဥရောပအခြေစိုက် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် နိုင်ငံမဲ့ဖြစ်မှုနှင့် နိုင်ငံသား အားလုံးလွှမ်းခြုံမှုဆိုင်ရာအဖွဲ့က အစီ ရင်ခံစာထုတ်ပြန်လိုက်သည်။ 

အစီရင်ခံစာအရ အိန္ဒိယရောက်နိုင်ငံ မဲ့များအနေဖြင့်  အစိုးရကပေးသည့် စီးပွားရေးဆိုင်ရာ အထောက်အပံ့များ လည်းမရကြဘဲ ယင်းတို့တွင် ဘဏ်စာ ရင်း သို့မဟုတ် နိုင်ငံသားဖြစ်မှုအထောက် အထားများလည်းမရှိကြောင်း၊  ယင်း နိုင်ငံမဲ့များအပေါ် COVID-19 ၏ သက် ရောက်မှုနှင့် အပြောင်းအလဲအတွက်လုပ် ဆောင်ပေးရန်လည်း  လိုအပ်လျက်ရှိ ကြောင်း သိရသည်။ 


အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံမဲ့ နေသူ ဒုက္ခသည်များအပေါ် Covid ကမ္ဘာ့ ကပ်ရောဂါ၏  သက်ရောက်မူများကို လည်း အစီရင်ခံစာများ ထုတ်ပြန်ပြီးဖြစ် သည်။

ရဲခေါင် (ref;BBC)






အခြားဆက်စပ်သတင်းများ