နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူကလီးယားဓါတ်အားပေးစက်ရုံနှင့် ပတ်သက်၍ မစိုးရိမ်ကြရန် တရုတ်အသိပေးပြောဆို

ဘေကျင်း၊  ဇွန် ၁၉ 


နျူကလီးယား ဓါတ်အားပေးစက်ရုံမှ ယိုစိမ့်မှု တစုံတရာမရှိကြောင်းနှင့် စက် ရုံအနီးတွင် ရေဒီယိုသတ္တိကြွနေကြောင်း သတိပေးချက် ထုတ်ပြန်ခြင်းများလည်း မရှိကြောင်း တရုတ်အာဏာပိုင်များက အသိပေးချက် ထုတ်ပြန်လိုက်သည်။ 

နိုင်ငံ၏ နျူကလီးယားလုံခြုံမှုများ ကို  စည်းကမ်းထိန်းကျောင်းရသည့် တရုတ်ဂေဟဗေဒနှင့် သဘာဝပတ်ဝန်း ကျင်ဝန်ကြီးဌာနက  ထိုစွပ်စွဲချက်များ သည် မှားယွင်းကြောင်း တရားဝင်အသိ ပေးခဲ့ခြင်းဖြစ်သည်။ 


အမျိုးသားနျူကလီးယား လုံခြုံရေး စီမံခန့်ခွဲမှုဌာန (NNSA)သည် တိုင်ရှန် နျူကလီးယားဓါတ်အားပေးစက်ရုံ ဓါတ် ပေါင်းဖိုအအေးပေးစနစ်တွင် သုံးသည့် နိုဘယ်ဓါတ်ငွေ့ အသေးစိတ်များကိုစစ် ဆေးသော်လည်း စက်ရုံပြင်ပ ရေဒီယို သတ္တိကြွထောက်လှမ်းခြင်းနှင့် မသက် ဆိုင်ကြောင်း  ထုတ်ပြန်ထားပြီးဖြစ် သည်။ 


တိုင်ရှန်ရှိ ယူနစ် -၁ ဓါတ်ပေါင်းဖိုမှ အခြေခံစီးပတ်လမ်းတွင် ရေဒီယိုသတ္တိ ကြွမှုမြင့်တက်နေကြောင်း တွေ့ရသော် လည်း ထိုသို့မြင့်တက်ခြင်းသည် လုပ် ငန်းများ ဘေးကင်းစွာလည်ပတ်နိုင် သည့် အကန့်အသတ်အတွင်းတွင်သာ ရှိနေသဖြင့် စိုးရိမ်ရန်မလိုကြောင်း သိ ရသည်။         

ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ