နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စက်ရုပ်တီထွင်သည့် အာဖဂန်နစ္စတန်မိန်းကလေးအဖွဲ့က စရိတ်နည်းအသက်ရှူစက်တီထွင်

မေ ၂၁၊ ကာဘူးလ်


အာဖဂန်နစ္စတန်နိုင်ငံတွင် မိန်းကလေးသီးသန့် ပါဝင်သည့် စက်ရုပ်တီထွင်ရေးအဖွဲ့က ကားပစ္စည်းများကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ်လူနာများအတွက် စရိတ်နည်း အသက်ရှူစက် တီထွင်ပေးနေသည်။ ဆယ်ကျော်သက်မိန်းကလေးအဖွဲ့မှာ ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာပြိုင်ပွဲတွင် အထူးဆုဆွတ်ခူးခဲ့ခြင်းကြောင့် ကျော်ကြားလာခဲ့သည်။ ယခုအခါတွင် ယင်းတို့အဖွဲ့က မေလကုန် နောက်ဆုံးထား၍ ဈေးကွက်ပေါက်ဈေး၏ အစွန်းထွက်သာရှိသည့် ငွေကြေးပမာဏဖြင့် အသက်ရှူစက်များ ထုတ်လုပ်ပေးနိုင်ရန် အရှိန်မြှင့်ကြိုးပမ်းနေသည်။ 


နှစ်ပေါင်းများစွာ ကြာမြင့်သည့် စစ်ပွဲကြောင့် အထိနာနေသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် လူဦးရေ ၃၈ ဒသမ ၉ သန်းရှိသော်လည်း အသက်ရှူစက် အလုံး ၄၀၀ သာရှိသည်။ လက်ရှိအချိန်အထိ အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၆၅၀ ကျော် ရှိနေပြီး လူ ၁၇၈ ဦး သေဆုံးခဲ့သည်။ သို့သော် အခြေအနေ ပိုဆိုးလာပြီး နဂိုကတည်းက ချိနည့်နေသည့် ကျန်းမာရေးစနစ် ယိုင်လဲသွားမည်ကို အာဏာပိုင်များက စိုးရိမ်ပူပန်နေသည်။ 


'' ကျွန်မတို့အားထုတ်မှုကြောင့် လူ့အသက်တစ်ချောင်းပဲ ကယ်နိုင်တယ်ဆိုလည်း ဒီကိစ္စက အရေးကြီးပါတယ်'' ဟု အသက် ၁၇ နှစ်အရွယ်ရှိသည့် အဖွဲ့ဝင်မိန်းကလေး ရာဟီမီက ပြောသည်။ Afghan Dreamers ဟု လူသိများသည့်အဖွဲ့မှာ အာဖဂန်နစ္စတန်နိုင်ငံတွင် ပထမဆုံး COVID-19 လူနာ စတင်တွေ့ရှိသည့် ဟီရတ်ပြည်နယ်တွင် နေထိုင်သူများဖြစ်သည်။ ဟီရတ်ပြည်နယ်မှာ အရှေ့အလယ်ပိုင်းဒေသ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဗဟိုချက်ဖြစ်သည့် အီရန်နိုင်ငံနှင့် နီးစပ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ