နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်နိုင်ငံတွင် ဥရောပတိုက်၏ အတင်းကျပ်ဆုံး နှာခေါင်းစည်းဝတ်ဆင်ရေးဥပဒေ ပြဋ္ဌာန်း

မေ ၂၁၊ မက်ဒရစ်


တစ်ဦးနှင့် တစ်ဦး အလှမ်းကွာဝေးစွာနေ၍မရနိုင်ပါက အဆောက်အအုံအတွင်း၊ အပြင် နှစ်နေရာလုံးတွင် နှာခေါင်းစည်း မဖြစ်မနေဝတ်ဆင်ကြရန် စပိန်နိုင်ငံက အမိန့်ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် စတင်အကျုံးဝင်ခဲ့သည့် ဥပဒေတွင် အသက်ခြောက်နှစ်အောက် ကလေးငယ်များနှင့် ကျန်းမာရေးမကောင်းသူများကိုသာ ခြွင်းချက်အဖြစ် ကင်းလွတ်ခွင့်ပေးထားသည်။ 

ဥရောပနိုင်ငံအများအပြားက အများပြည်သူပို့ဆောင်ရေးစနစ်တွင် နှာခေါင်းစည်း တပ်ဆင်ရန် လိုအပ်သည်ဟု ပြဋ္ဌာန်းထားသော်လည်း စပိန်နိုင်ငံက အခြားနိုင်ငံများထက် ပိုတင်းကျပ်သည့် ဥပဒေထုတ်ပြန်ခဲ့သည်။ စပိန်နိုင်ငံမှာ ဥရောပတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ယခုအခါတွင် ပိတ်ဆို့မှုစည်းမျဉ်းများကို တဖြည်းဖြည်း ဖြေလျှော့ပေးလျက်ရှိသည်။ 


'' အနည်းဆုံး ၂ မီတာ ( ၆ ဒသမ ၅ ပေ)အကွာမှာနေဖို့ မဖြစ်နိုင်ဘူးဆိုရင် လမ်းပေါ်မှာရော၊ အများပြည်သူဆိုင်ရာ ဟင်းလင်းပြင်နေရာတွေမှာရော၊ အမိုးအကာအောက်မှာပါ နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ရမယ်''ဟု အမိန့်ဒီကရီတွင် ဖော်ပြထားသည်။ ထို့အပြင် ကလေးငယ်များကိုလည်း ရက်သတ္တခြောက်ပတ်ကြာ အိမ်ထဲတွင်သာ နေထိုင်စေရန် ညွှန်ကြားထားသည်။ ပြီးခဲ့သည့်မတ်လနောက်ပိုင်း စပိန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂၃၂၀၀၀ ရှိပြီး လူ ၂၈၀၀၀ နီးပါး သေဆုံးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ