နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် အနည်းဆုံး ၁၅ ဦး သေဆုံး

မေ ၂၁၊ နယူးဒေလီ


အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(Amphan) ဝင်ရောက်တိုက်ခတ်ပြီး ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်း ကျရောက်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် ကိုးလ်ကတ္တားမြို့အပါအဝင်           အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံလုံးတွင် နေအိမ်ပြိုလဲခြင်း၊ သစ်ပင်များအမြစ်မှ ကျွတ်ထွက်ခြင်း စသည့် အခြေအနေများ ကြုံတွေ့ခဲ့သည်။ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုနှင့် လူသေဆုံးမှုပမာဏ အတိအကျကို မသိရသေးပေ။


မုန်တိုင်းမတိုက်မီ  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူအများစုအပါအဝင် လူ ၃ သန်းနီးပါးကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ရန် ကန့်သတ်ချက်များ ထုတ်ပြန်ထား ခြင်းကြောင့် အရေးပေါ်နှင့် ပြန်လည်ထူထောင်ရေး အားထုတ်ကြိုးပမ်းမှုများ နှောင့်နှေးကြန့်ကြာခဲ့ရသည်။


COVID-19 ရောဂါကူးစက်မှု၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းများကြောင့် အာဏာပိုင်များအနေဖြင့် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းပေးရန် အခက်အခဲကြုံခဲ့ပြီး ခိုလှုံရေးစခန်းများတွင် လူအပြည့် ထည့်သွင်းမရခဲ့ပေ။ အမ်ဖန်မုန်တိုင်းမှာ ၁၉၉၉ ခုနှစ်နောက်ပိုင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်တည်သည့် ပထမဆုံး စူပါဆိုင်ကလုန်းမုန်တိုင်းဖြစ်သည်။ ယခုအချိန်တွင် လေတိုက်နှုန်း အားပျော့သွားသော်လည်း အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ