နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် coronavirus Disease 2019 (COVID-19) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား လက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန်အတွက် မတ်လ ၃၁ ရက် နံနက်ပိုင်းတွင် အဆောင်များအား ဆေးသုတ် ခြင်း၊ ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းတွင် စတင်လက်ခံခဲ့သည်။ ထိုသို့လက်ခံခဲ့ရာတွင် မတ်လ ၃၁ ရက် ည ၁၀ နာရီထိ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား လေးဦး၊ အမျိုးသမီး နှစ်ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၂၀ ဦး၊ အမျိုးသမီးတစ်ဦး၊ မြဝတီ မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၉ ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၄၇ ဦးတို့ကို မတ်လ ၃၁ ရက်တွင် စောင့်ကြည့်လူနာအဖြစ် လက်ခံခဲ့ပြီး ယင်းလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ် ကုသရန် သီးခြားစောင့်ကြည့် ကုသရမည့်သူ ၂၀၀၀ ဦး နေထိုင်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (NWA)






အခြားဆက်စပ်သတင်းများ