နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံအတွင်း ပြည်ပခရီးသွားများအားလုံး ပြန်လည်လက်ခံရန်စီစဉ်

ဘန်ကောက်၊  ဇွန် ၁၈ 


ထိုင်းနိုင်ငံအနေဖြင့် လာမည့် လေး လတာကာလအတွင်း နိုင်ငံခြားခရီး သည်များကို အပြည့်အဝလာရောက် ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာ ရွတ်ချန်အိုချာက အတည်ပြု ပြောကြား လိုက်သည်။ 


ထိုင်းနိုင်ငံအတွင်း ကျဆင်းနေသည့် တိုင်းပြည်၏ ခရီးသွားလုပ်ငန်းကို အ ပြည့်အဝ  ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ COVID ကပ်ရောဂါကြောင့် ကန့်သတ်မှု များ ချမှတ်ခဲ့ရသည့်အတွက် ထိုင်းနိုင်ငံ အတွက် အရေးကြီးသည့် ခရီးသွားလုပ် ငန်းမှာ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ သည်။ 


နိုင်ငံအတွင်းရှိ ဟိုတယ်များ၊ စား သောက်ဆိုင်၊ ဘားဆိုင်များနှင့် ပြည် တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကိုပါ ထိခိုက်ခဲ့ပြီး COVID တတိယလှိုင်း ကို ရင်ဆိုင်နေရချိန်တွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများသည် အစိုးရ  ကြေညာချက်ကို မျှော်လင့်သဖွယ်ဖြစ်နေ သည်။ 


ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ ဝင်ငွေ ၂၀ ရာခိုင်နှုန်းကို ရှာပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ကာ ရက်ပေါင်း ၁၂၀ အတွင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကို အပြည့်အဝ ပြန်ဖွင့်နိုင်ပြီဖြစ်ကြောင်း ကြေညာရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ရုပ်သံမိန့်ခွန်းတစ်ခုတွင် ပြောကြားသွား ခြင်းဖြစ်သည်။ 


ထိုင်းနိုင်ငံတွင် COVID ကူးစက်မှု ပေါင်း ၂ သိန်း ၅ ထောင်ရှိခဲ့ပြီး ၁၅၀ဝ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ 

ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ