နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောက်ဆက်တွဲငလျင်နှင့် ဆူနာမီသတိပေးချက် အင်ဒိုထုတ်ပြန်

ဂျကာတာ၊  ဇွန် ၁၈

အင်ဒိုနီးရှားနိုင်ငံ၏ ဘူမိရူပဗေဒ အေဂျင်စီသည် Maluku ကျွန်းများဟု လူသိများသော Moluccas ကျွန်းများ အနီးတွင် ပြင်းအား ၆ ဒသမ၁ ပမာဏရှိ သည့် ငလျင်တစ်ခု ဗုဒ္ဓဟူးနေ့က လှုပ် ခတ်ပြီးနောက် နောက်ဆက်တွဲဖြစ် ပေါ်နိုင်သည့် ငလျင်နှင့် ဆူနာမီ ဖြစ်နိုင် ခြေများကို အင်ဒိုနီးရှားနိုင်ငံ၏ ဘူမိရူပ ဗေဒအေဂျင်စီက သတိပေးခဲ့သည်။

ငလျင်မှာ အနက် ၁၀ ကီလိုမီတာ တွင်လှုပ်ခတ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ရမှုနှင့် ပတ်သက်၍ ချက်ချင်းသိရခြင်း မရှိသေးကြောင်း၊ အစောပိုင်းပြောကြား ချက်များတွင်   ဆူနာမီဖြစ်နိုင်ခြေမရှိသော် လည်း  နောက်ပိုင်းတွင်  ရေအောက် မြေ ပြိုမှုကြောင့် ဆူနာမီလှိုင်းများ ဖြစ်ပေါ် နိုင်ကြောင်း ပြောကြားခဲ့သည်။

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူ နှင့် ထိခိုက်ဒဏ်ရာရမှုနှင့် ပတ်သက်သော သတင်းများ ယခုအချိန်အထိမရှိသေး သော်လည်း အဆောက်အအုံများနှင့်အ များပြည်သူဆိုင်ရာ အဆောက်အအုံများ တွင်ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသန္တရဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြော ကြားခဲ့သည်။
ဆူနာမီလှိုင်းများ   တက်လာနိုင်သည် ကိုကြောက်ရွံ့မှုများကြောင့် ရာနှင့်ချီ သောဒေသခံများမှာ အနီးအနားရှိ တောင် ကုန်းများပေါ်သို့ တက်လာခဲ့ကြသော် လည်း နောက်ပိုင်းတွင် လူအများစုမှာ အိမ်ပြန်ခဲ့ကြကြောင်း သိရသည်။
မျိုးဝင်း (ref;The Nation)






အခြားဆက်စပ်သတင်းများ