နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေကြီးမှု‌ကြောင့် ဘူလ်တန်တွင် လူအများအပြားသေဆုံးကာ နီပေါတွင်လည်း လူ ၇ ဦးပျောက်ဆုံး

ခတ္တူမန္တူ၊   ဇွန် ၁၈

ဘူလ်တန်နိုင်ငံအတွင်း ဝေးလံလှ သည့် တောင်ပေါ်စခန်းတစ်ခုတွင် မိုး သည်းထန်စွာရွာသွန်းမှုကြောင့်  ရေကြီး ခဲ့ကာ အနည်းဆုံး ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အိမ်နီးချင်း နီပေါနိုင်ငံတွင် လည်း ရေကြီးမှုကြောင့် လူ ၇ ဦး ပျောက် ဆုံးနေကြောင်း သိရသည်။
ဆေးဝါးဖော်စပ်ရာတွင် သုံးသည့် cordeyceps (ရှီးပဒီး)ကို တောင်ကြော တစ်လျှောက် စုဆောင်းရှာဖွေသည့် ဘူလ်တန်ရွာသားများမှာ တောင်ပေါ် စခန်းတွင် အိပ်မောကျနေချိန် မိုးသည်း ထန်စွာရွာသွန်းကာ ညသန်းခေါင်ရေ ကြီးမှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ တောင်ပေါ်စခန်းမှာ ဘူတန် မြို့ တော်မြောက်ဘက် ၆၀ ကီလို မီတာ အကွာတွင် ရှိပြီး စခန်းမှာ ဖြိုချခံရသကဲ့ သို့ ပျက်ဆီးသွားကြောင်း ဒေသခံ မီဒီယာ များက ဖော်ပြသည်။  သေဆုံးခဲ့သည့် ရွာသားများမှာ တောင်ကုန်းငယ်နှစ်ခု ကြား စီးဆင်းနေသော မြစ်ကမ်းနားတွင် စခန်းချခဲ့ခြင်းဖြစ်သည်။

တရုတ်တိဘက်ဒေသနှင့် နယ်စပ် ဖြစ်သော Sindhupalchowk ခရိုင်တွင် ပြီးခဲ့သည့်ညက မိုးသည်းထန်စွာ ရွာသွန်း ပြီး နောက်လူ ခုနစ်ဦး ပျောက်ဆုံးနေ ကြောင်း နီပေါနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ