နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီသီယိုးပီးယား၏ ငတ်မွတ်ခေါင်းပါးမှုကိုတားဆီးရန် ဗီယက်နမ်တောင်းဆို

နယူးယောက်၊  ဇွန် ၁၈

ကုလသမဂ္ဂ   လုံခြုံရေးကောင်စီ (UNSC) အစည်းအဝေးတွင် အီသီယိုး ပီးယားနိုင်ငံ၊ တီဂရေးဒေသရှိ လူသား ချင်းစာနာထောက်ထားမှု အခြေအနေ နှင့် ပတ်သက်၍ အလွတ်သဘောအပြန် အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးသို့ ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ်၏ အမှုဆောင်ညွှန် ကြားရေးမှူး ဒေးဗစ်ဘစ်စလေနှင့် အီသီ ယိုးပီးယား အမျိုးသား သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ အက် တိုတီယာယာ၊ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသ မဂ္ဂ အထွေထွေအတွင်းရေးမှူး လက် ထောက် မက်ခ်လိုးကွခ်တို့ တက်ရောက် ခဲ့ကြသည်။

တွေ့ဆုံစည်းဝေးပွဲတွင်  ကုလသ မဂ္ဂဆိုင်ရာ ဗီယက်နမ်အမြဲတမ်း ကိုယ် စားလှယ်သံအမတ် Dang Dinh Quy က အီသီယိုးပီးယားအစိုးရ၏ လူသား ချင်းစာနာမှု လုပ်ငန်းများအတွက် လူ သားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) နှင့် အခြား မိတ် ဖက်များ ပူးပေါင်းကာ အခြေအနေ ကောင်းများ ဖန်တီးရန်ကြိုးပမ်းမှုများကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် လူသားချင်းစာနာမှုအကူ အညီအထောက်အပံ့များကို အနောက် တောင်ဘက်နှင့် တီဂရေးတောင်ပိုင်းတို့ တွင် လက်လှမ်းမီရန် သေချာစေရန် အ ထူးလိုအပ်‌နေပြီလည်း ဖြစ်သည်။
ယူနီဆက်ဖ်၏ အဆိုအရ တီဂရေး ဒေသ လက်လှမ်းမမီသော ဒေသများ ရှိ ကလေးငယ် ၃၃၀ဝ၀ မှာ သေဆုံး မှုနှုန်းမြင့်မားသည့် အာဟာရချို့တဲ့မှု ကို ခံစားနေရကြောင်း၊ ဗီယက်နမ် သံတမန်ကမူ ပဋိပက္ခတွင် အီသီယိုးပီး ယားရှိဒေသခံများ၏ စားနပ်ရိက္ခာဖူလုံ ရေးကို တိုက်ရိုက် ဆိုးကျိုးသက်ရောက်မှု ဖြစ်စေကြောင်း အလေးအနက်ပြော ကြားထားသည်။      မျိုးဝင်း (ref;BBC)






အခြားဆက်စပ်သတင်းများ