နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်စစ်လေယာဉ်အစီး ၃၀ နီးပါး ထိုင်ဝမ်လေပိုင်နက်အတွင်း ဝင်ရောက်

တိုင်ပေ၊   ဇွန် ၁၈

တရုတ်စစ်လေယာဉ် ၂၈ စီး ထိုင် ဝမ်လေပိုင်နက်အတွင်း ဝင်ရောက်လာ ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်လိုက်သည်။

ထိုင်ဝမ် အနောက်တောင်ပိုင်း လေ ကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အ တွင်း တရုတ်တိုက်ခိုက်ရေး ဂျက်လေ ယာဉ်များ နှင့်  ဗုံးကြဲ လေယာဉ် အစုတစ်ဖွဲ့ ဝင်ရောက်ပျံသန်းသွားခဲ့ကြောင်း ထိုင် ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြော ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပေါ် ထိုင်ဝမ်လေတပ်ဘက် ကလည်း လေယာဉ်ပေါင်းများစွာ စေ လွှတ်ခဲ့ပြီး လေကြောင်း ကာကွယ်ရေးစ နစ်ကိုပါ အသင့်အနေအထားစတင်ပြင် ထားခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်အပေါ် ဖိအားပေးသည့်အနေဖြင့် စစ်လေယာဉ် များအပြင် စစ်သင်္ဘောများကိုလည်း ယခင်နှစ် အနည်းငယ်အတွင်း ထိုင်ဝမ် ပိုက်နက်အတွင်း အကြိမ်ကြိမ်စေလွှတ် မူများရှိခဲ့သည်။

 ပြီးခဲ့သည့် ဧပြီလကလည်း တရုတ် စစ်လေယာဉ် ၂၅ စီးကို ထိုင်ဝမ် လေ ကြောင်းရန်ကာကွယ်ရေး သတ်မှတ် ဇုန်အတွင်း ဝင်ရောက်ပျံသန်းခဲ့ကြောင်း သိရသည်။        
ရဲခေါင် (ref;AFP)






အခြားဆက်စပ်သတင်းများ