နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သူတော်ကောင်းစိတ်ထား အမျက်ဒေါသကို အနိုင်ယူ

မျက်မှောက်ကမ္ဘာကြီးသည် ဆုပ်ကပ်အတွင်းသို့ရောက်နေပြီ ဖြစ်ပါသည်။ သိပ္ပံခေတ်သည် တိုးတက်ခဲ့သည်မှန်သော်လည်း လူ တို့၏ ကျင့်ဝတ်သိက္ခာစောင့်စည်းမှု အားနည်းခြင်းကြောင့် ရောဂါ များ ထူပြောခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ အစာရေစာရှားပါးခြင်း စသော ဘေးပယောဂများ ကျရောက်လျက်ရှိသည်။

ကျွန်ုပ်တို့လူသားအားလုံးသည် ပုထုဇဉ်များဖြစ်ကြရာ အမျက် ဒေါသ၊ အမှိုက် အမှောင်တရား၊ အနည်းနှင့်အများရှိကြ၏။ အမျက် ဒေါသကို စွန့်ပယ်နိုင်လျှင် မည်သည့်အခါမှ ဝမ်းမနည်းရဟု လောကနီတိက ဆိုသည်။ အမျက်ဒေါသကို ထိန်းချုပ်ခြင်းဖြင့် ဝမ်းနည်းဖွယ်အဖြာဖြာကို ရှောင်ကြဉ်နိုင်၏။

အမျက်ထွက်သောသူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်၏။ တစ်နည်းအားဖြင့် မေတ္တာဖြင့်အောင်ရာ၏။ ဤကား သည်းခံခြင်း တရားပင်ဖြစ်၏။ တစ်ဖန် သူ့ကျေးဇူးကို ပယ်ဖျက်တတ်သည့် စိတ်ဆိုး၊ စိတ်ယုတ်တို့ကို ပယ်စွန့်သောသူတို့အား သူတော်ကောင်း တို့က ချီးမွမ်းကြကုန်၏။ လူခပ်သိမ်းတို့၏ ကြမ်းတမ်းသောစကား ကို သည်းခံကြကုန်လော့။ ဤသည်းခံခြင်းကို မြင့်မြတ်သောတရား ဟူ၍ သူတော်ကောင်းတို့ ပြောဆိုကြကုန်၏။
ယင်းသို့ဆိုသော် အမျက်ဒေါသကို ထိန်းချုပ်ခြင်းသည် အကောင်းဆုံးရလဒ်ပင်ဖြစ်သည်။  ယနေ့ဖြစ်ပျက်နေသော အကြောင်းတရားများကို စေ့ငုကြည့်ပါက အများစုမှာ လောဘ၊ ဒေါသတို့ကြောင့် ဝမ်းနည်းဖွယ်၊ ကြေကွဲဖွယ်များ၊ လူသားတို့၏ နာကျင်ခံစားရမှုများ ဖြစ်ပွားရသည်ကို တွေ့ရပေ၏။

အသေအချာဆန်းစစ်ကြည့်သော အမျက်ဒေါသကြောင့်ပင် ဖြစ်၏။ အမျက်ဒေါသသည် မကောင်းပါ။ ဒေါသသည် အမှားပါ တတ်၏။ ထို့ကြောင့် လူသားတိုင်း အမျက်ဒေါသကို ထိန်းချုပ်ခြင်း ဖြင့် အမျက်ဒေါသကို အနိုင်ယူနိုင်၏။ အမျက်ဒေါသကို ထိန်းချုပ် နိုင်သောသူကို သူတော်ကောင်းတို့ ချီးမွမ်းကြကုန်၏။

မိမိမလိုလားအပ်သောအရာတို့အပေါ် ချုပ်တည်းခြင်းသည် ထာဝရပျော်ရွှင်ခြင်းကို ဖြစ်စေ၏။ လောဘ၊ ဒေါသ၊ မောဟတို့ကို ချုပ်တည်းလိုက်ခြင်းကြောင့် ထာဝရပျော်ရွှင်ခြင်းကိုရစေ၏။ လောဘ၊ ဒေါသ၊ မောဟမီးတို့ကို မချုပ်တည်းနိုင်ပါက စိတ်လည်း ကြမ်း၊ ကိုယ်လည်းကြမ်းမည်။ စိတ်ထောင်းကိုယ်ကြေ၏။

လောဘ၊ ဒေါသ၊ မောဟ ကင်းစင်ခြင်းသည် စစ်မှန်သော စိတ်ပျိုခြင်းဖြစ်အောင် နေထိုင်ခြင်းဖြစ်ပြီး အမျက်ဒေါသကို လျှော့ချနိုင်ခြင်းဖြင့် ကြီးပွားတိုးတက်ကြကုန်၏။






အခြားဆက်စပ်သတင်းများ