နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၇ နှစ်ကြာ Boeing-Airbus ကုန်သွယ်ရေးအငြင်းပွားမှု အဆုံးသတ်

ဘရပ်ဆဲလ်၊ ဇွန် ၁၇

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့အ နေဖြင့် Airbus နှင့် Boeing လေယာဉ် ကုမ္ပဏီအကြား ၁၇ နှစ်ကြာ လေယာဉ် အစိတ်အပိုင်းများ တင်ပို့ခြင်းအတွက် ဒေါ်လာ ၁၇ ဘီလျံတန်အငြင်းပွားမှုကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ တွင်   ဥရောပခေါင်းဆောင်များနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တွေ့ဆုံ ပြီးနောက် ဒိန်ခဲ၊ လယ်ထွန်စက်နှင့်ဆေး ရွက်ကြီးစသည့် ကုန်ပစ္စည်းများအပေါ် ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံ အခွန် အခများကို  ဖယ်ရှားပေးရန်  နှစ်ဘက် စလုံးက သဘောတူညီခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နှင့် အီးယူအကြားအ ငြင်းပွားမှုကြောင့် လွန်ခဲ့သော ၁၇ နှစ် အတွင်း   လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီနှစ်ခုအကြား အပြန်အလှန်စိတ် အနှောင့်အယှက်ဖြစ်စေသည့် အခွန် နှုန်းထားများမှာ သက်ဆိုင်ရာအစိုးရများ ကြောင့် မြင့်တက်လာခဲ့သည်။
ပြီးခဲ့သည့် လပိုင်းများအတွင်း နှစ် ဖက်စလုံးမှ တာဝန်ရှိသူများသည် တရုတ် ၏ စီးပွားဖြစ် လေယာဉ်ထုတ်လုပ်မှု လုပ်ငန်းကို ကိုင်တွယ်ဖြေရှင်းရန် တာ ဝန်ဝတ္တရားများကို မလုပ်ဆောင်နိုင် ကြောင်း သဘောတူခဲ့ကြသည်။

အစိုးရမှထောက်ပံ့သော တရုတ် လေကြောင်းထုတ်လုပ်သူ Commercial Aircraft (Comac) သည် ဆယ်စုနှစ် အတွင်း ကမ္ဘာ့လေယာဉ် ထုတ်လုပ်မှု ကဏ္ဍတွင် တရားဝင်ပြိုင်ဘက်ဖြစ်လာ ရန် အလားအလာရှိနေသည်။
မျိုးဝင်း (ref;The Nation)






အခြားဆက်စပ်သတင်းများ