နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်အတွက် Covid ကာကွယ်ဆေး တစ်သန်း ဂျပန် လှူဒါန်း

ဟနွိုင်း၊   ဇွန် ၁၇

ဂျပန်နိုင်ငံမှ Covid-19 ကာကွယ် ဆေးတစ်မျိုးဖြစ်သည့် AstraZeneca ကို ဗီယက်နမ်နိုင်ငံသို့ ကာကွယ်ဆေး ၁ သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံဆိုင်ရာ ဂျပန်သံရုံး က သံအမတ် ယာမာဒါ တာကီရိုနှင့် ဗီယက်နမ် ကျန်းမာရေးဝန်ကြီး ငုယင် သန်လောင်တို့အနေဖြင့် Covid-19 ကာ ကွယ်ဆေးထောက်ပံ့ရေးနှင့် ပတ်သက် ပြီး ဇွန်လဒုတိယပတ်က သဘောတူ စာချွန်လွှာ လဲလှယ်ခဲ့ကြခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီ လနှောင်းပိုင်းကတည်းက စတင်ကာ Covid-19 ရောဂါကူးစက်မှုတဟုန်ထိုး မြင့်မားလာပြီး ဗီဇပြောင်း ကိုရိုနာဗိုင်း ရပ်စ်ရောဂါအန္တရာယ်ကြောင့် နိုင်ငံတွင်း လူမှုရေး စည်းမျဉ်းစည်းကမ်းများလည်း ထုတ်ပြန်ထားခဲ့ရကာ နိုင်ငံ့လူဦးရေ၏ ၁ ရာခိုင်နှုန်းကိုသာ Covid ကာကွယ် ဆေးထိုးနှံနိုင်ကြောင်း၊ လတ်တလောမှာ တော့ ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူ နိုင်ရေးမှာ ဗီယက်နမ်အစိုးရအတွက် အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စ ဖြစ်နေကြောင်း သိရသည်။

ဂျပန်နိုင်ငံအစိုးရကမူ နိုင်ငံတွင်း ပိုလျှံ Covid ကာကွယ်ဆေးများကို နိုင်ငံခြားတိုင်းပြည်များသို့ ဆက်လက် လှူဒါန်းမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားသည်။         မျိုးဝင်း (ref;NHK)






အခြားဆက်စပ်သတင်းများ