နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာအိုမြောက်ပိုင်း ဆိုးရွားသည့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေ

ဗီယင်ကျန်း၊  ဇွန် ၁၇

လာအိုနိုင်ငံ မြောက်ပိုင်း Xayaboury ပြည်နယ်ရှိ ကျေးရွာများစွာမှ ပြည်သူ ၃,ဝ၀ဝ ကျော်သည် မိုးသည်းထန်စွာ ရွာသွန်းပြီး ရက်များစွာကြာပြီးနောက် ဆိုးဝါးသည့် ရေလွှမ်းမိုးမှု ဒဏ်ခံစားခဲ့ ရကြောင်း သိရသည်။

လာအိုနိုင်ငံရှိ တာဝန်ရှိသူများ၊ ရဲတပ် ဖွဲ့၊ စစ်တပ်နှင့် စေတနာ့ဝန်ထမ်းများက သီတင်းပတ်ကုန်အတွင်း မိုးသည်းထန် စွာရွာသွန်းပြီးနောက် ရေလွှမ်းမိုးမှုများ ကြောင့် ထိခိုက်ခဲ့ရသော အဆိုပါ  မိသားစု များထံ အကူအညီများ ရောက်ရှိနိုင်ရန် အချိန်နှင့်အမျှ ဆောင်ရွက်လျက်ရှိသည် ဟု Xayaboury ပြည်နယ် လက်ထောက် အုပ်ချုပ်ရေးမှူး Phetphixay Sounvilay က ပြောကြားခဲ့သည်။

လာအိုနိုင်ငံမြောက်ပိုင်းနှင့် အလယ် ပိုင်းဒေသများတွင် ပြီးခဲ့သည့် သီတင်း ပတ်ကုန်က နိုင်ငံတစ်ဝန်း တိုက်ခတ်ခဲ့ သော Koguma အပူပိုင်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရကြောင်း သိရ သည်။

ပြည်သူတစ်ဦးချင်းစီအနေဖြင့် ရာသီ ဥတုဆိုးဝါးမှုအတွက် ကြိုတင်ပြင်ဆင် ထားရန်နှင့် အခြေအနေဆိုးဝါးမှုမှ လျှော့ ချနိုင်ရန် ပုံမှန်မိုးလေဝသခန့်မှန်းချက် များကို လိုက်နာသင့်ကြောင်း  အာဏာ ပိုင်များက သတိပေးထားကြောင်း သိရ သည်။                မျိုးဝင်း (ref;xinhua)






အခြားဆက်စပ်သတင်းများ