နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှား ပလတ်စတစ် စွန့်ပစ်အညစ်အကြေးများကို အုတ်ခဲအဖြစ် ပြောင်းလဲ

ဂျာကာတာ၊  ဇွန် ၁၇

အင်ဒိုနီးရှားရေပြင်အတွင်း ပလတ် စတစ်စွန့်ပစ်အညစ်အကြေးများ များ ပြားနေကြောင်း သတိပေးချက် ထွက် ပေါ်လာခဲ့ပြီးနောက် နိုင်ငံတွင်း၌ မုန့် ထုတ်အိတ်များနှင့် ခေါင်းလျှော်ရည် ထုတ်များကို အုတ်ခဲများအဖြစ် ပြောင်း လဲခဲ့ကြကြောင်း သိရသည်။

အင်ဒိုနီးရှားသည် ကမ္ဘာ့အဏ္ဏဝါစွန့် ပစ်အညစ်အကြေးနိုင်ငံများတွင် ဒုတိယ အများဆုံးဖြစ်ကြောင်း သတင်းများထွက် ပေါ်လာခဲ့ပြီးနောက် အိုဗီဆာဘရီနာနှင့် နိုဗီတာတန်အမည်ရှိ အမျိုးသမီးနှစ်ဦး သည် စွန့်ပစ်အိတ်များကို အသုံးပြု၍ အုတ်ခဲများပြုလုပ်သည့်   အစီအစဉ်ကို စတင်ခဲ့ကြသည်။

ယင်းတို့နှစ်ဦးသည် လွန်ခဲ့သည့် နှစ် နှစ်ခန့်ကတည်းက စတင်လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်ပြီး ဂျာကာတာမြို့တော် တစ်ဝန်းရှိ အစားအစာရောင်းချသည့် နေရာများသို့ သွားရောက်၍ စွန့်ပစ်ထား သော ကော်ဖီထုတ်အခွံများ၊ ခေါက်ဆွဲ ခြောက်ထုတ်အခွံများနှင့်  ဈေးဝယ် ပလတ်စတစ်အိတ်များကို  လိုက်လံရှာ ဖွေခဲ့သည်။

ထို့နောက် ပလတ်စတစ်အထုတ် များကို အလွန်သေးငယ်သောအလွှာများ အထိရောက်ရှိရန်  ပြုလုပ်ခဲ့ပြီးနောက် ဘိလပ်မြေ၊ သဲတို့နှင့် ရောစပ်၍ အုတ်ခဲ ပြုလုပ်သည့် ဖိုအတွင်းလောင်းထည့် လိုက်ခြင်းဖြစ်သည်။ ယင်းအုတ်ခဲများ သည် လုပ်ရိုးလုပ်စဉ် အုတ်ခဲများနှင့်တူ နေသော်လည်း ၎င်းတို့ထဲတွင် ပလတ်စ တစ်၏ အစက်အပြောက်များကို မြင် တွေ့နိုင်မည်ဖြစ်သည်။

အဆိုပါ နည်းလမ်းသည် အညစ်အ ကြေးများကို တစ်နည်းအားဖြင့် ကုန်း မြေပေါ် သို့မဟုတ် သမုဒ္ဒရာတွင် အဆုံး သတ်စေသည့် အခြေအနေကိုပြောင်းလဲ လိုက်ခြင်းဖြစ်သည်ဟု  စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ   ဖြစ်သည့် ဆာဘရီနာနှင့် တန်တို့က ဆိုသည်။
အင်ဒိုနီးရှားသည် လာမည့် လေးနှစ် ကျော်အတွင်း ပလတ်စတစ် စွန့်ပစ် အညစ်အကြေးကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချမည်ဟု ကတိပြုပြောကြားထား သည်။              ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ